အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ကန္တာရထဲက ကွာချယ်လာ ဂီတပွဲတော်ကို လာမယ့် အောက်တိုဘာလမှာမှ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ ပွဲစီစဉ်သူ Goldenvoice က မတ် ၁၀ ရက်မှာ ပြောပါတယ်။
Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဘေးကို စိုးရိမ်လို့ ခုလို ရွှေ့ဆိုင်းတာလို့လည်း သူက ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ဂီတပွဲတော်တွေထဲက တခုဖြစ်တဲ့ ကွာချယ်လာ ဂီတပွဲတော်ဟာ လော့စ်အိန်ဂျလိစ်မြို့ အရှေ့ပိုင်းက အင်ဒီယို လေဟာပြင်မှာ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်ကြား နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ပွဲတော်ပါ။ ပရိသတ် ၅ သိန်းလောက် တက်ရောက်လေ့ရှိတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
12 months Ago