လော့ခ်ဒေါင်းကာလ

August 2, 2021

ထိုင်းတွင် လော့ခ်ဒေါင်းကာလ ၂ ပတ်ထပ်တိုး၊ ကိုဗစ်-၁၉ အန္တရာယ်ရှိ အနီရောင်ဇုန် ၂၉ ခုရှိလာ

မျိုးဗဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ လော့ခ်ဒေါင်းကာလကို နောက်ထပ် သီတင်းပါတ် ၂ ပတ် တိုးမြှင့်လိုက်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိ အနီရောင်ဇုံတွေအဖြစ် ခရိုင် ၂၉ ခုထိ တိုးလာနေပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာ ပါဝင်တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကွပ် ကဲရေးစင်တာ(စီစီအက်စ်အေ)က ခုလိုတိုးမြှင့်ကန့်သတ်လိုက်တာဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေပေါ် မူတည်ပြီး လာမယ့် ဩဂုတ် ၁၈ ရက်နေ့မှာ ထပ်မံပြီးတော့ စိစစ်သွားမယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံရမှု အန္တရာယ်ရှိ အနီရောင်ဇုန်တွေအဖြစ် အရင်က ၁၃ ခုသာရှိခဲ့ရာကနေ လတ်တလောမှာတော့ ဘန်ကောက်၊ ကန်ချနဘူရီ၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ တာ့ခ်ခရိုင် တွေအပါအဝင် ခရိုင် ၂၉ ခုထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဈေးဝယ်စင်တာတွေထဲက စားသောက်ဆိုင်တွေမှာတော့ အိမ်အရောက်ပို့နဲ့ ပါဆယ်စနစ်တွေ ရောင်းချခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စီစီအက်စ်အေအနေနဲ့ အခုနှစ်အတွင်း Pfizer ကိုဗစ်-၁၉ ကာ ကွယ်ဆေးသန်း ၃၀ ရရှိနိုင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ ထိုင်း နိုင်ငံတဝန်းမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၆ သိန်းကျော်၊ သေဆုံးသူပေါင်း ၅,၀၀၀ နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

6 months Ago

June 12, 2021

မလေးရှားနိုင်ငံတဝန်း လော့ခ်ဒေါင်းကာလ ၂ ပတ် ထပ်တိုး

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတာကြောင့် မူ လသတ်မှတ်ထားတဲ့ ကာလကနေ နောက်ထပ် သီတင်း ၂ ပတ်ကြာ လော့ခ်ဒေါင်းကာလ တိုးမြှင့်ချမှတ်လိုက်ပါတယ်။

       အရင်က လော့ခ်ဒေါင်းကာလ ၂ ပတ်ချမှတ်မှုဟာ လာမယ့် ဇွန် ၁၄ ရက်မှာ ပြည့် မြောက်တော့မှာဖြစ်ပေမယ့် မလေးရှားနိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ကတော့ ၅၀၀၀ ကျော်ကနေ လျော့နည်းသွားတာမျိုးမရှိပဲ ဆက်လက်မြင့်တက်နေတာကြောင့် နောက်ထပ် ၂ ပတ်ကြာ လော့ခ်ဒေါင်းချမှတ်လိုက်တာလို့ ကာကွယ်ရေး ဝန်ကြီး အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က ပြောပါတယ်။

မလေးရှားနိုင်ငံတဝန်း လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦး ရေ ၆၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၇၀၀ ကျော် ရှိနေပြီဖြစ်ကာ အာဆီယံနိုင်ငံ တွေထဲ ကူးစက်မှုအမြင့်ဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူပေါင်း ၁၇၅ ဒသမ ၈ သန်းကျော်၊ သေ ဆုံးသူ ၃ ဒသမ ၇ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက် ကတော့ ၁၅၉ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

8 months Ago
Up