တရုတ်ပြည်ဟာ ဂြိုဟ်တုအသစ် ၂ လုံးကို မေ ၃၀ ရက်က ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်လိုက်ပါတယ်။
နည်းပညာစမ်းသပ်ရေး ဂြိုဟ်တုတွေကို စီချွမ်ပြည်နယ်က ရှီချန်းစင်တာကနေ လောင်းမာ့ချ်-၁၁ ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာဖြစ်ပြီး ဒီဂြိုဟ်တုတွေကို ကမ္ဘာမြေလေ့လာရေးနည်းပညာ စမ်းသပ်မှုမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
မေလ ၃၀ ရက် လွှတ်တင်မှုဟာ လောင်းမာ့ချ်ဒုံးပျံစီးရီးတွေရဲ့ ၃၃၂ ကြိမ်မြောက်မစ်ရှင်လည်း ဖြစ်ပါတယ်။
ဂြိုဟ်တုလွှတ်တင်တဲ့ မစ်ရှင်ဟာ အပြည့်အစုံ အောင်မြင်မှုရခဲ့တယ်လို့လည်း ဒုံးပျံ ပစ်လွှတ်ရေး စင်တာရဲ့ ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူးကလည်း ပြောပါတယ်။
9 months Ago