လောင်းကစားဝိုင်း

May 16, 2021

မူဆယ်မြို့တွင် လောင်းကစားဝိုင်းနှင့် ခိုးဆိုးလုယက်မှု ပိုများလာ

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မူဆယ်မြို့မှာ လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေ နှစ်ဆ ပိုများလာပြီး ခိုးဆိုးလုယက်မှုတွေ နေ့စဥ်နီးပါး ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေကို ပေါ်တင်လုပ်ဆောင်လာကြတယ်။ အနည်းဆုံး ရပ်ကွက်တစ်ခုမှာ ၂ ရုံ၊ ၃ ရုံလောက်ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မူဆယ်မြို့မှာ အခုလို လောင်းကစားဝိုင်းတွေ ပေါ်လာတဲ့အပြင် မူးယစ်ဆေးသုံးသူတွေပါ ပိုများလာတာကြောင့် အရင်လို အနက်ရောင်နယ်မြေပုံစံ ပြန်ဖြစ်နေပြီလို့ သိရပါတယ်။

လောင်းကစားဝိုင်းတစ်ဝိုင်းကို သိန်း ၁၀၀ နဲ့ ၂၀၀ ကြား အာဏာသိမ်း စစ်တပ်ကို ပေးနေရတယ် ကြားတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာ အခုလို လောင်းကစားဝိုင်းတွေ၊ ဂိမ်းဆိုင်တွေ ပေါလာတာကြောင့် မူးယစ်ဆေးသုံးစွဲသူတွေလည်း ပေါ်တင်သုံးလာကြပြီး လူသတ်မှုတွေ၊ လုယက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

1 day Ago

May 15, 2021

ရွှေကူမြို့တွင် လောင်းကစားဝိုင်း မိုင်းခွဲခံရ

ကချင်ပြည်နယ် ရွှေကူမြို့မှာ မေ ၁၄ ရက်နေ့ည ၉ နာရီဝန်းကျင်က လောင်းကစားဝိုင်းတခုကို အမည်မသိအဖွဲ့တစ်ဖွဲ့က မိုင်းခွဲခဲ့တယ်လို့ သိရပါတယ်။

မိုင်းခွဲခံရမှုကြောင့် ထိခိုက်ဒါဏ်ရာရသူမရှိပဲ အားလုံးဝရုန်းသုန်းကား ထွက်ပြေးကြတယ်လို့ သိရပါတယ်။

အဆိုပါလောင်းကစားဝိုင်း မိုင်းခွဲမခံရခင် မိနစ်ပိုင်းအလိုမှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲစခန်းဘက်မှ သေနက်သံအချက်ပေါင်းများစွာကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့မှာ အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ အလောင်းကစားဝိုင်းတွေဟာ မန္တလေး၊ ရွှေကူ၊ ဗန်းမော် ဗျူ ဟာလမ်းမကြီးဘေးအထိ ရောက်ရှိလာပြီး နောက်လူတန်းစားမျိုးစုံ သွားရောက်ကစားကြတာတွေရှိပြီး ဖုန်း၊ ဆိုင်ကယ် စတဲ့တန်ဖိုးကြီးပစ္စည်းတွေ အခိုးခံရတာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

ရွှေကူမြို့မှာ လောင်းကစားဝိုင်းအနည်းဆုံး ၂ နေရာလောက်ပြုလုပ်နေကြပြီး လေးကောင်ဂျင်ဝိုင်း၊  ၆ ကောင်ဒုံးဂလုံးဝိုင်း၊ ကြက်ဝိုင်း စတဲ့လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

2 days Ago
More News
Up