ကိုရိုနာဗိုင်းရပ်စ် သက်ရောက်မှုကနေ ပြန်နာလန်ထချိန်မှာ မကာအိုဒေသဟာ စိန်ခေါ်မှုနဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရပြီး လောင်းကစားရုံတွေအပေါ် အလွန်အမင်း မှီခိုနေရတာနဲ့ ပတ်သက်ပြီး မကာအိုခေါင်းဆောင် ဟိုအိုက်ဆံက ဧပြီ ၂၀ ရက်မှာ သတိပေးလိုက်ပါတယ်။
မကာအို အထူးအုပ်ချုပ်ရေးဒေသရဲ့ ၂၀၂၀ မူဝါဒ မိန့်ခွန်းအတွင်း မစ္စတာဟိုက ဒီနှစ်အဖို့ အဓိကလုပ်ရမှာတွေက ကပ်ရောဂါ ကိုင်တွယ်ဖို့ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ မကာအိုဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကာအိုရဲ့ စီးပွားရေး အထိနာခဲ့ပြီး လောင်းကစားလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းရငွေတွေ ကျဆင်းခဲ့တယ်လို့ မစ္စတာဟိုက ပြောပါတယ်။
ဒီနှစ်အဖို့ အဲဒီလုပ်ငန်းတွေက ရငွေအများအပြား ကျဆင်းမယ် ကြိုတင်မှန်းထားတယ်လို့လည်း မကာအိုခေါင်းဆောင်က ပြောပါတယ်။
လူဦးရေ ၆ သိန်းကျော်ရှိတဲ့ မကာအိုဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၅ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago