လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကို အက်ဖ်အေက ၁၀ ပတ် ဘောလုံးနဲ့ ပတ်သက်ခွင့် ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေလည်းရိုက်ခဲ့ပါတယ်။
စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှာ ကစားနေတဲ့ ထရစ်ပီယာဟာ လောင်းကစားနဲပတ်သက်ပြီး အက်ဖ်အေ ချမှတ်ထားတဲ့ စည်းမျဉ်း ၇ ချက်ကို ချိုးဖောက်မှုနဲ့ ၂၀၁၈ ဇူလိုင်လအတွင်းက စွဲချက်တင်ခံခဲ့ရတာပါ။
ထရစ်ပီယာရဲ့ တောင်းဆိုမှုအရ သီးသန့်စစ်ဆေးပေးခဲ့ရာမှာလည်း စွဲချက်တင်ခံရတဲ့ ၇ ချက်ထဲမှာ ၄ ချက် ကျူးလွန်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာပါတယ်။
ဒါကြောင့် ထရစ်ပီယာကို ဘောလုံး လောက နဲ့ ၁၀ ပတ်ပိတ်ပင်ခဲ့ပြီး ဒဏ်ကြေးငွေ ပေါင် ၇ သောင်း ချမှတ်ခဲ့တာပါ။
အသက် ၃၀ နှစ်ရှိ နောက်ခံလူ ထရစ်ပီယာအနေနဲ့ ဒီဇင်ဘာ ၂၃ ရက်ကနေစတင်ပြီး ပြစ်ဒဏ်ကို ကျခံခဲ့ရတာပါ။
အင်္ဂလန်အက်ဖ်အေရဲ့ စည်းမျဉ်းတွေထဲမှာ ဘောလုံးသမားတစ်ဦးက လောင်းကစားပြုလုပ်ခြင်းနဲ့ တစ်နည်းနည်းနဲ့ ပတ်သက်ခြင်းကို ခွင့်မပြုဘဲ တားမြစ်ထားတာဖြစ်ပါတယ်။
2 months Ago