လောင်စာသိုလှောင်နေရာ

September 15, 2021

ဘိုလီးဗီးယားတွင် လောင်စာသိုလှောင်နေရာ ပေါက်ကွဲပြီး လူ ၁၂ ဦးထက်မနည်း ဒဏ်ရာရ

ဘိုလီးဗီးယားနိုင်ငံ၊ ကာမာဂိုမြို့ရှိ လောင်စာသိုလှောင်တဲ့နေရာမှာ စက်တင်ဘာ ၁၃ ရက်က ပေါက်ကွဲမှု ၂ ခုဖြစ်ပြီး  လူ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကာ  လူနေဧရိယာတွေမှာလည်း အပျက်အစီးတွေ ပြန့်ကျဲနေခဲ့ပါတယ်။

ဓာတ်ငွေ့ရည်အိုး ပထမ ပေါက်ကွဲရာကနေ အနားက ဒီဇယ်လှောင်ကန်ကို မီးစွဲလောင်ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။

အဲဒီမီးက ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ပြီး ၅ နာရီကြာ လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရတဲ့ ဒေသခံတွေကို ကုသဖို့ အနားက မြို့တွေက ဆေးရုံတွေဆီ တင်ပို့ထားပြီလို့လည်း ရိုက်တာ သတင်းမှာရေးပါတယ်။

1 month Ago
Up