လောင်စာသင်္ဘော

August 5, 2019

ပါရှန်ပင်လယ်ကွေ့အတွင်း မှောင်ခို လောင်စာသင်္ဘောတစီးကို အီရန် ဖမ်းဆီး

ပါရှန်ပင်လယ်ကွေ့အတွင်း လောင်စာတွေ မှောင်ခိုသယ်ဆောင်လာတဲ့ နိုင်ငံခြားသင်္ဘောတစီးကို အီရန်တော်လှန်ရေး အစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီသင်္ဘောနဲ့အတူ သင်္ဘောသား ၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက သြဂုတ် ၄ ရက်မှာ ပြသခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ သင်္ဘောပေါ်မှာ လောင်စာဆီ လီတာ ၇ သိန်း သယ်ဆောင်လာတယ်လို့ အစောင့်တပ်ဖွဲ့ တပ်မှူးကို ကိုးကားပြီး သတင်းဌာနက ကြေညာပါတယ်။ ဒါပေမယ့် အဲဒီသင်္ဘောဟာ ဘယ်နိုင်ငံပိုင်ဖြစ်ပြီး သင်္ဘောသားတွေဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကိုတော့ ပြောမထားပါဘူး။ အဲဒီသင်္ဘောကို အီရန်ပိုင် ဖာစီကျွန်းအနီးမှာ ကြားဖြတ်တားဆီးခဲ့တယ်လို့ ဖားစ်သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဟော်မုဇ် ရေလက်ကြား မြောက်ဘက်မှာရှိတဲ့ အဲဒီကျွန်းပေါ်မှာ အီရန်တော်လှန်ရေး အစောင့်တပ် ရေတပ်စခန်း ရှိပါတယ်။ အီရန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဆီ လောင်စာမှောင်ခိုထုတ်တာကို ကုန်းလမ်းက တိုက်ဖျက်နေသလို ရေလမ်းကတဆင့် ပင်လယ်ကွေ့နိုင်ငံတွေဆီ မှောင်ခိုထုတ်နေတာကိုလည်း တားဆီးနေပါတယ်။ ----------------------------- Zawgyi Version ပါရွန္ပင္လယ္ေကြ႕အတြင္း ေမွာင္ခို ေလာင္စာသေဘၤာတစီးကို အီရန္ ဖမ္းဆီး DVB ပါရွန္ပင္လယ္ေကြ႕အတြင္း ေလာင္စာေတြ ေမွာင္ခိုသယ္ေဆာင္လာတဲ့ ႏိုင္ငံျခားသေဘၤာတစီးကို အီရန္ေတာ္လွန္ေရး အေစာင့္တပ္က ဖမ္းဆီးလိုက္ပါတယ္။ အဲဒီသေဘၤာနဲ႔အတူ သေဘၤာသား ၇ ေယာက္ကို ဖမ္းဆီးခဲ့တယ္လို႔ အီရန္ႏိုင္ငံပိုင္ သတင္းဌာနက ၾသဂုတ္ ၄ ရက္မွာ ျပသခဲ့ပါတယ္။ ဖမ္းဆီးရမိတဲ့ သေဘၤာေပၚမွာ ေလာင္စာဆီ လီတာ ၇ သိန္း သယ္ေဆာင္လာတယ္လို႔ အေစာင့္တပ္ဖြဲ႕ တပ္မႉးကို ကိုးကားၿပီး သတင္းဌာနက ေၾကညာပါတယ္။ ဒါေပမယ့္ အဲဒီသေဘၤာဟာ ဘယ္ႏိုင္ငံပိုင္ျဖစ္ၿပီး သေဘၤာသားေတြဟာ ဘယ္ႏိုင္ငံသားေတြ ျဖစ္တယ္ဆိုတာကိုေတာ့ ေျပာမထားပါဘူး။ အဲဒီသေဘၤာကို အီရန္ပိုင္ ဖာစီကြၽန္းအနီးမွာ ၾကားျဖတ္တားဆီးခဲ့တယ္လို႔ ဖားစ္သတင္းဌာနက ထုတ္ျပန္ပါတယ္။ ေဟာ္မုဇ္ ေရလက္ၾကား ေျမာက္ဘက္မွာရွိတဲ့ အဲဒီကြၽန္းေပၚမွာ အီရန္ေတာ္လွန္ေရး အေစာင့္တပ္ ေရတပ္စခန္း ရွိပါတယ္။ အီရန္ႏိုင္ငံဟာ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ေလာင္စာေမွာင္ခိုထုတ္တာကို ကုန္းလမ္းက တိုက္ဖ်က္ေနသလို ေရလမ္းကတဆင့္ ပင္လယ္ေကြ႕ႏိုင္ငံေတြဆီ ေမွာင္ခိုထုတ္ေနတာကိုလည္း တားဆီးေနပါတယ္။
2 years Ago
Up