လောင်စာဆီတင်ယာဉ်

September 11, 2022

မက္ကဆီကိုတွင် ခရီးသည်တင်ယာဉ်နှင့် လောင်စာဆီတင်ယာဉ်တိုက်မိ၊ ၁၈ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်က နောက်တွဲယာဉ်ပါတဲ့ လောင်စာဆီတင်ယာဉ်တစီးနဲ့ ဘတ်စ်ကားတစ်စီးတို့ တိုက်မိပြီး မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ 

နိုင်ငံမြောက်ပိုင်း တာမောင်လီပတ်စ် ပြည်နယ်မှာ မနေ့မနက်အရုဏ်တက်ချိန်က ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးနဲ့ လောင်စာဆီတွေတင်လာတဲ့ ဆီတင်ယာဉ်တစီးတို့ ဝင်တိုက်မိခဲ့တယ်လို့ အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ယာဉ်တိမ်းမှောက်ပြီးတဲ့နောက် မီးလောင်သေဆုံးခဲ့တဲ့ ခရီးသည် ၁၈ ဦးအထိ ရှိတယ်လို့ မက်ဆီကို စစ်တပ်က ပြောပါတယ်။

ပြည်နယ်အစိုးရရှေ့နေရုံးက သေဆုံးသူတွေရဲ့ နောက်ဆုံးအရေအတွက်ကို အကြောင်းကြားမယ်လို့ တာမောင်လီပတ်စ် ပြည်နယ် အရပ်ဘက် ကာကွယ်ရေး ညှိနှိုင်းရေးမှူး ရာအူးလ်ဂါစီယာ က ပြောခဲ့ပါတယ်။

3 months Ago

February 17, 2022

နယူးယောက်မြို့တွင် လောင်စာဆီတင်ယာဉ် တိုက်မိပြီး ပေါက်ကွဲမီးလောင်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောင်းအိုင်လန်အရပ်မှာရှိတဲ့ စီးပွားရေး ရပ်ကွက်ထဲကို လောင်စာဆီတင် ယာဉ်တစီး မောင်းဝင် တိုက်မိခဲ့လို့ ဖေဖော်ဝါရီ ၁၅ ရက်က အကြီးအကျယ် ပေါက်ကွဲမီးလောင် ခဲ့ပါတယ်။

လောင်စာတင်ယာဉ်ဟာ မတိုက်မိခင်က ဓာတ်ဆီ ခန့်မှန်းခြေ ဂါလံ ၁၃၀၀၀ ​လောက် တင်လာခဲ့တယ်လို့ အေဘီစီ သတင်းဌာနက ဖော်ပြပါတယ်။

ကားမောင်းသူက ကားပေါ်ကနေ ထွက်ပြေးနိုင်ခဲ့ကာ အသေးစား ဒဏ်ရာတွေအတွက် ကုသခံ နေရတယ်လို့လည်း ဆိုပါတယ်။ မီးသတ်သမား သုံးယောက်ကိုလည်း ဒေသခံဆေးရုံမှာ ဆေးကုသ ပေးခဲ့ရပါတယ်။

ပေါက်ကွဲမီးလောင်ခဲ့တဲ့ နေရာဟာ ယာဉ်အသွားအလာများတဲ့ အဓိကလမ်းမကြီး ဖြစ်ရာ ဆန်းရိုက်စ် အဝေးပြေးလမ်းပိုင်းနဲ့ နီးတဲ့နေရာမှာလို့လည်း  မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

10 months Ago
More News
Up