လောင်စာဆီဈေးနှုန်း

September 6, 2022

လောင်စာဆီဈေးနှုန်းကျဆင်းရေး အင်ဒိုနီးရှား ပြည်သူများ ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အစိုးရရဲ့ ၈ နှစ်အတွင်း လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုအပေါ် စက်တင်ဘာ ၆ ရက်က အလုပ်သမားတွေနဲ့ ပြည်သူ ၁၀၀၀ လောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံမှာ ငွေကြေးဖောင်းပွမှု မြင့်တက်နေချိန်မှာ တဖြည်းဖြည်း ဖောင်းပွလာတဲ့ စွမ်းအင်ထောက်ပံ့ကြေး ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ဖို့အတွက် လောင်စာဆီ ဈေးနှုန်းကို ၃၀  ရာခိုင်နှုန်းလောက်တက်ဖို့ကလွဲပြီး ရွေးချယ်စရာ သိပ်မရှိဘူးလို့ သမ္မတ ဂျိုကို ဝီဒိုဒိုက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။

လူဦးရေ သန်း ၂၇၀ ရှိတဲ့ တိုင်းပြည်မှာ ဒီအစီအမံကို လူကြိုက်မများပါဘူး။  အနီရောင် သို့မဟုတ် လိမ္မော်ရောင် ခေါင်းစည်းပဝါတွေ ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတွေဟာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ရှုတ်ချပြီး အနည်းဆုံး အခကြေးငွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ချီတက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၆ ရက် ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာပဲ စတင်ခဲ့ပြီး အကြမ်းဖက်မှု သို့မဟုတ် ဖမ်းဆီးခံရမှု သတင်းတွေ အစောပိုင်းမှာ မကြားရပါဘူး။

လောင်စာဆီဈေးတက်တာကို ရုပ်သိမ်းပေးဖို့ အလားတူ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးမှာ လောင်စာဆီ အထောက်အပံ့ကိစ္စက ထိလွယ်ရှလွယ် ပြဿနာတရပ် ဖြစ်ပေမယ့်လည်း အစိုးရဟာ တိုက်ရိုက်ငွေလွှဲခြင်း အပါအဝင် လျော်ကြေးငွေ ပေးချေမှု အစီအမံတွေကတစ်ဆင့် ထိုးနှက်ချက်ကို ပျော့ပျောင်းစေဖို့ ကြိုးပမ်းခဲ့ပါတယ်။

5 months Ago

May 28, 2022

ပါကစ္စတန်တွင် လောင်စာဆီဈေးနှုန်း ၂၀ ရာခိုင်နှုန်းထိ ထိုးတက်

ပါကစ္စတန်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းထိ ထိုးတက်သွားတာကြောင့်  မေ ၂၇ ရက်မှာတော့ ပါကစ္စတန်နိုင်ငံသားတွေ ဒေါသထွက်ခဲ့ကြပြီး စက်သုံးဆီဆိုင်တွေမှာလည်း တန်းစီစောင့်ဆိုင်းနေကြရပါတယ်။ 

ဓာတ်ဆီဈေးနှုန်းအသစ်ဟာ  တစ်လီတာကို ၁၇၉ ဒသမ ၈၆ ရူပီးနဲ့ ဒီဇယ်ဈေးက ၁၇၄ ဒသမ ၁၅ ရူပီး ဖြစ်လိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာအစ္စမေးလ်က အစ္စလာမာဘတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

မေ ၂၇ ရက်က လာဟိုးမှာ ဒါဇင်နဲ့ချီတဲ့ သုံးဘီးကားမောင်းသူတွေဟာ စျေးတက်တာကို ကန့်ကွက်ခဲ့ပြီး  ခုလို ဈေးတက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ 

ဓာတ်ဆီဈေး မြင့်တက်မှုဟာ ပါကစ္စတန်အတွက် ခက်ခဲတဲ့အချိန် ဖြစ်လိမ့်မယ်လို့ စီးပွားရေးလေ့လာသူတဦးက သုံးသပ် ပြောကြားပါတယ်။ 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့  ပါကစ္စတန်အစိုးရတို့အကြား  ရန်ပုံငွေ ဒေါ်လာ သန်း ၉၀၀ ကျော်ကို တစ်ချိန်တည်းမှာ ထုတ်ပေးဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း မေ ၂၆ အစောပိုင်းက ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။ 

ဒီရန်ပုံငွေတွေဟာ ၂၀၁၉ ခုနှစ်က IMF နဲ့ သဘောတူညီထားတဲ့ ဒေါ်လာ ၆ ဘီလီယံ အစီအစဉ်ကနေ  ရရှိတာဖြစ်ပါတယ်။

စျေးနှုန်းမြှင့်တင်မှုဟာ ပါကစ္စတန်နဲ့ IMF တို့အကြားက အဓိကပြဿနာဖြစ်ပြီး၊ နောက်လမှာ နှစ်စဉ်ဘတ်ဂျက် မတင်ပြခင် နိုင်ငံရဲ့ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချဖို့ ရေနံနဲ့ဓာတ်အားကဏ္ဍက ထောက်ပံ့မှုတွေကို ရုပ်သိမ်းဖို့ကလည်း သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ဒေါ်လာ ၆ ဘီလီယံ သဘောတူညီချက်ထဲက ရန်ပုံငွေတစ်ဝက်လောက်ကို ထုတ်မပေးသေးဘဲ IMF ရဲ့ ပြန်လည်သုံးသပ်မှုကို ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာလည်း မရှင်းလင်းသေးပါဘူး။ 

9 months Ago
More News
Up