လေဟာပြင်ဈေး

February 24, 2020

တက္ကဆက်ပြည်နယ်ရှိ လေဟာပြင်ဈေးတွင် ပစ်ခတ်မှုဖြစ်၊ ၇ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့က ပစ္စည်းဟောင်းရောင်းတဲ့ လေဟာ ပြင်ဈေးမှာ ဖေဖော်ဝါရီ ၂၃ ရက်က သေနတ်ပစ်ခတ်မှုကြောင့် လူ ၇ ယောက် ဒဏ်ရာရပါတယ်။ ဒဏ်ရာရသူတွေကို ဒေသန္တရ ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ ဟာရစ်မြို့နယ် ငြိမ်ဝပ်ပိပြားရေအရာရှိ အဒ်ဂွန်ဇာလဲ့က ပြောပါတယ်။ “ပစ်ခတ်မှုအတွက် သံသယရှိသူကို အခင်းဖြစ်ရာ နေရာမှာတင် ထိန်းသိမ်းခဲ့တယ်။ဒါပေမယ့် ပစ်ခတ်မှုနောက်ကွယ်က အကြောင်းရင်းနဲ့ လူတွေ ဘယ်လိုဒဏ်ရာရတာလဲဆိုတဲ့ အသေးစိတ် အတိအကျကို ဖော်ထုတ်ဖို့ ရဲတွေက ကြိုးစားနေဆဲပဲ” လို့ ဂွန်ဇာလဲ့က ဆက်ပြောပါတယ်။  ပစ်ခတ်ချိန်မှာ မာကာဒို ဆာဘာဒိုမင်ဂို လေဟာပြင်ဈေးထဲမှာ ကပွဲ ကျင်းပနေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားပါတယ်။
1 year Ago
Up