လေသန့်စင်

September 11, 2020

လေသန့်စင်ပေးသည့် နှာခေါင်းစည်း LG တီထွင်

နှာခေါင်းစည်းတပ်ရာမှာ အသက်ရှူ မဝတာမျိုး၊ မျက်မှန် အငွေ့ရိုက်တာမျိုးကို  မဖြစ်စေတဲ့   ဘက်ထရီစွမ်းအင်သုံး လေသန့်စင်ပေးတဲ့နှာခေါင်းစည်းကို တောင်ကိုရီးယားကုမ္ပဏီတခုက တီထွင်လိုက်ပါတယ်။ LG Electronics က တီထွင်တဲ့ PuriCare Wearable ဆိုတဲ့ နှာခေါင်းစည်းဟာ အရွယ်အစား တခုတည်းဖြစ်ပြီး  နှင်းလျှောစီး မျက်မှန်တစ်စုံစာ လေးလံပါတယ်။ နှာခေါင်းစည်းမှာ ပန်ကာ နှစ်ခုနဲ့ စွမ်းအားမြင့် လေသန့်စင်စက်ပါပြီး အဲဒီစက်က ရှူသွင်း ရှူထုတ်တဲ့ လေကို သန့်စင်ပေးပါတယ်။   လေသန့်စက်ကို ဘက်ထရီ စွမ်းအင်နဲ့လည်ပတ်ပြီး နှာခေါင်းစည်းကိုလည် ခရမ်းလွန် ရောင်ခြည်နဲ့ ပိုးမွှားသန့်စင်ပေးပါတယ်။   အားလျှော့သုံးရင် ဘက်ထရီသက်တမ်း  ၈ နာရီအထိခံပြီး  အားပြည့်သုံးရင်တော့ သက်တမ်း ၂ နာရီသာ ခံတယ်လို့လည်း LG Electronics က ရှင်းပြခဲ့ပါတယ်။ 
1 year Ago
Up