လေလံဈေးဖွင့်

September 1, 2020

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး ကဗျာစာရွက် ကျပ် ၅၄ သိန်းဖြင့် လေလံဈေးဖွင့်

       နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ရေးကဗျာစာ ရွက်တရွက်ကို ကျပ် ၅၄ သိန်းနဲ့ လေလံဈေးဖွင့်ထားပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။        ဒီကဗျာစာရွက်ကတော့ ဒါရိုက်တာမင်းထင်ကိုကိုကြီး အတွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။        “"30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အ မေစုကိုယ်တိုင် ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ ကန်တော့ခဲ့ပါသေး တယ်။ အပြင်မှာဦးဝင်းထိန်ရှိတယ်"        လတ်တလောမှာတော့ ဒီစာရွက်လေလံအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဦးဆောင်သူတ ယောက်ဖြစ်တဲ့ အစီအစဉ် တင်ဆက်သူ မောင်မောင်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုဖော်ပြထားပါတယ်။        “ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့… ဒီကဗျာလေးကို ကဗျာဆရာ ဒါရိုက်တာမင်းထင်ကိုကိုကြီး ကနေပြီး NLD အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ရံပုံငွေအဖြစ် လေလံတင်ရောင်းချပြီး တပြားမကျန် လှူဒါန်းပေးသွားဖို့ ဆက်သွယ်လာပါတယ်ခင်ဗျာ… ဒါကြောင့်မို့လို့ အခုချိန်ကနေစတင်ပြီး လာမယ့်စနေနေ့ (၅ ရက်နေ့) ညနေ ၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး စျေးအမြင့်ဆုံး ပေးနိုင် တဲ့သူကို ရောင်းချပေးသွားမှာဖြစ်ပါတယ်”        စာရွက်ပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူနဲ့အတူ ကဗျာဆိုတာ… လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊ လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊ လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊ လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊ ကဗျာဆိုတာ… ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။ လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။        ဒီစာရွက်လေလံဈေး ကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေးအနေနဲ့ သတ်မှတ်တာက တော့ ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။        ဝယ်ယူလိုသူတွေကိုတော့ မောင်မောင်အေးက သူ့ရဲ့ ပို့စ်အောက်မှာ ဖိတ်ခေါ်ထား တာဖြစ်ကာ စည်းကမ်းအနေနဲ့ စျေးတကြိမ်တိုးတိုင်း ၁ သိန်းနဲ့အထက် သိန်းဂဏန်းအတိ သာ တိုးခွင့်ပြုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
8 months Ago

May 13, 2020

ကွယ်လွန်သူ နာမည်ကျော်အဆိုတော် ကတ်ကိုဘိန်း၏ ဂစ်တာ ဒေါ်လာ ၁ သန်းဖြင့် လေလံဈေးဖွင့်

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တချိန်က နာမည်ကြီး အနုပညာရှင် အဆိုတော်တယောက်ဖြစ်တဲ့ ကတ်ကိုဘိန်းရဲ့ ဂစ်တာတလက်ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ လေလံ စတင်ဖွင့်လိုက်ပြီလို့ ဂါးဒီးယန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီဂစ်တာဟာ ကက်ကိုဘိန်းရဲ့ Nirvana အဖွဲ့အနေနဲ့ ၁၉၉၃ ခုနှစ် နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ‘MTV Unplugged in New York’ ဖျော်ဖြေပွဲမှာ တီးခတ်ခဲ့တဲ့ ဂစ်တာတလက် ဖြစ်ပြီး သူ မကွယ်လွန်မီ ၅ လအလိုက တီးခတ်ခဲ့တဲ့ ဂစ်တာ ဖြစ်ပါတယ်။ ကတ်ကိုဘိန်းဟာ ၁၉၈၇ ခုနှစ်က Nirvana တေးဂီတအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း အောင်မြင်မှု တရှိန်ထိုး ရရှိခဲ့ပေမယ့် မူးယစ်ဆေးစွဲတာ၊ စိတ်ကျရောဂါခံစားရတာတွေနဲ့  ကြုံခဲ့ရပြီး အသက် ၂၇ နှစ်အရွယ် ၁၉၉၄ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ နာမည်ကျော် လေလံကုမ္ပဏီ Julien’s Auctions ရဲ့ ဂီတကြယ်ပွင့်တွေရဲ့ အမှတ်တရပစ္စည်း ခေါင်းစဉ်အောက်ကနေ လေလံဈေးခေါ်ဝယ်ယူနိုင်မယ့် ဒီပွဲကိုတော့ လာမယ့် ဇွန် ၁၉ ရက်နေ့နဲ့ ၂၀ ရက် ၂ ရက်တာ အွန်လိုင်းကပါ ကျင်းပသွားမယ်လို့ သိရပါတယ်။ လေလံကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ဒါရန်ဂျူလီယံကတော့ သတင်းထုတ်ပြန်ချက်ထဲမှာ ဒီဂစ်တာနဲ့ ပတ်သက်ပြီး “ရော့ခ်အင်ရိုးလ်ဂီတသမိုင်းမှာ အရေးကြီးတဲ့ လွှမ်းမိုးနိုင်ခဲ့တဲ့ ဒီဂစ်တာဟာ ထိုက်တန်တဲ့ နေရာတခုဆီ ရောက်ရှိနိုင်မှာပါ။ ဒီလိုက်ဖ်ဂီတဖျော်ဖြေပွဲကလည်း အကြီးကျယ်ဆုံးနဲ့ မမေ့နိုင်စရာ ပွဲတခုပါပဲ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း လေလံကုမ္ပဏီ Julien’s Auctions အနေနဲ့ ကတ်ကိုဘိန်း ဝတ်ဆင်ခဲ့တဲ့ သိုးမွေးအင်္ကျီကို ပြပွဲမှာ အမေရိကန်ဒေါ်လာ ၃၃၄၀၀၀ နဲ့ လေလံ အောင်မြင်ခဲ့ပါတယ်။ ကတ်ကိုဘိန်းဟာ အဲဒီအစိမ်းနုရောင်သိုးမွေးအင်္ကျီကို ၁၉၉၃ ခုနှစ် “MTV Unplugged” ဖျော်ဖြေပွဲမှာပဲ နောက်ဆုံး ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ စွန်းထင်းပြီး ဆေးလိပ်မီး ပေါက်နေတဲ့ အဲဒီအင်္ကျီကို ဆယ်စုနှစ် ၃ စုနီးပါးအတွင်းမှာ လျှော်ဖွပ်ခဲ့ခြင်းမရှိဘဲ ဈေးကတော့ လေလံတင်ရောင်းချတဲ့ ဆွယ်တာအင်္ကျီတွေထဲမှာ ဈေးအကြီးဆုံး ဖြစ်လာခဲ့ပါတယ်။
11 months Ago
Up