လေယာဥ◌်မီးလောင်

August 16, 2019

နာမည်ကျော် ပြိုင်ကားမောင်းသမား အန်းဟာ့ဒ် လေယာဉ်မီးလောင်မှုမှ လွတ်မြောက်

Zawgyi Version နာမည်ကျော် ပြိုင်ကားမောင်းသမား အန်းဟာ့ဒ် လေယာဉ်မီးလောင်မှုမှ လွတ်မြောက် DVB နာမည်ကျော် အမေရိကန် ပြိုင်ကားမောင်းသမား ဒေး အန်းဟာ့ဒ် ဂျူနီယာဟာ သြဂုတ် ၁၅ ရက်နေ့က လေယာဉ်ပြေးလမ်းချော် မီးလောင်မှုကနေ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ သူတို့မိသားစု လိုက်ပါလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ တင်နက်ဆီပြည်နယ် ဘရစ်စတိုမြို့မှာ ပြေးလမ်းချော်ခဲ့တာပါ။ အန်းဟာ့ဒ် ညီမဖြစ်သူက လေယာဉ်ပျက်ကျရာမှာ အန်းဟာ့ဒ်၊ ဇနီးသည် အေမီ၊ သမီးဖြစ်သူ အစ္စလာနဲ့ ပိုင်းလေ့ာနှစ်ယောက်စလုံး အသက်အန္တရာယ် မရှိဘူးလို့ ပြောပါတယ်။ အဲဒီနောက်မှာ အားလုံးကို ဆေးရုံပို့ခဲ့တယ်လို့ ညီမဖြစ်သူက ပြောပါတယ်။ တာဝန်ရှိသူတွေ ပြောပြချက်အရ သူတို့အားလုံး ဒဏ်ရာပြင်းထန်တာ မရှိဘူးလို့ သိရပါတယ်။ လေယာဉ်ဟာ အဲလစ်ဇဘတ်တန် မြူနီစီပယ် လေဆိပ်ပြေးလမ်းအဆုံးမှာ မီးလောင်ခဲ့တယ်လို့ ဖက်ဒရယ် လေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် အနီးဝန်းကျင် အဝေးပြေးလမ်းမနဲ့ လေဆိပ်ကို ပိတ်ခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်မီးလောင်ရတဲ့ အကြောင်းရင်းကို အမျိုးသားပို့ဆောင်မှု လုံခြုံရေးဘုတ်အဖွဲ့က စုံစမ်းနေပါတယ်။ နက်စ်ကာကားမောင်းပြိုင်ပွဲရဲ့ အကျော်ကြားဆုံး ပြိုင်ကားမောင်းသမားဖြစ်တဲ့ အန်းဟာ့ဒ်ဟာ ၂၀၁၇ ပြိုင်ပွဲရာသီနောက်ပိုင်း ပြိုင်ကားမောင်းတာကို အပြီးတိုင် စွန့်လွှတ်ခဲ့ပါတယ်။ အခုအခါမှာတော့ အန်းဟာ့ဒ်ဟာ NBC အားကစားရုပ်သံမှာ နက်စ်ကာပြိုင်ပွဲတွေကို ထုတ်လွှင့်နေပါတယ်။
2 years Ago
Up