လေယာဉ်အတူစီးလာသူ

September 3, 2020

ပူတာအိုတွင် ကိုဗစ်-၁၉ လူနာအမှတ် ၇၈၈ နှင့်လေယာဉ်အတူစီးလာသူ ၈ ဦးရှိ 

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ကိုဗစ်-၁၉ လူနာအမှတ်  ၇၈၈ နဲ့အတူ ဩဂုတ် ၂၀ ရက်‌နေ့မှာ ရန်ကုန်ကနေ ပူတာအိုကို လေယာဉ်အတူစီးလာတဲ့သူ ၈ ဦး ရှိတယ်လို့ ပူတာအိုခရိုင်ဆေးရုံအုပ် ဦးသန့်ဇင်ထွန်းက ပြောပါတယ်။  ပိုးတွေ့လူနာနဲ့ လေယာဉ်အတူ စီးနင်းလိုက်ပါလာသူ ၈ ဦးထဲက ၄ ဦးကိုတော့ စက်တင်ဘာ ၂ ရက်နေ့က Quarantine Centre ပို့ဆောင်နိုင်ခဲ့ပါတယ်။   ကျန် ၂ ဦးကတော့ ဩဂုတ် ၂၈ ရက်‌နေ့မှာ ရန်ကုန်သို့ ပြန်သွားပါတယ်။ နောက်ထပ် ၂ ဦးကတော့ အလုပ်ကိစ္စကြောင့် ခေါင်လန်ဖူးမြို့နယ်ကို ရောက်ရှိနေလို့ အဲ့ဒီက ဆရာဝန်တွေနဲ့ ချိတ်ဆက်ပြီး Quarantine Centre ကို ပို့နိုင်အောင် စီစဉ်ထားတယ်လို့ ပူတာအို ကိုဗစ်ထိန်းချုပ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။  ပိုးတွေ့လူနာနဲ့အတူ လေယာဉ်စီးလာသူတွေဟာ ပူတာအိုမြို့ကို ရောက်ရှိလာတာ  သတင်း  ၂ ပတ်ကျော်ကြာရှိနေပြီ ဖြစ်ပါတယ်။ သတင်း- ဖေနောင်းအောင် ( ပူတာအို)
1 year Ago
Up