လေယာဉ်မှူး

November 9, 2022

သပိတ်မှောက်နေသည့် ကင်ညာလေကြောင်းလိုင်းမှ လေယာဉ်မှူးများ အလုပ်ခွင်ပြန်ဝင်ရန် တရားရုံး အမိန့်ထုတ်

ကင်ညာလေကြောင်းလိုင်းက လေယာဉ်မှူးတွေကို နိုဝင်ဘာ ၉ ရက်မှာ အလုပ်ခွင်ပြန်ဝင်ကြဖို့ အလုပ်သမားတရားရုံးက နိုဝင်ဘာ ၈ ရက်မှာ အမိန့်ထုတ်လိုက်ပြီး လေဆိပ်မှာ ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်နေရတဲ့ လေကြောင်းလုပ်သားတွေရဲ့ သပိတ်ကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။

လေကြောင်းလိုင်းက လေယာဉ်မှူး ၄၀၀ လောက်ကို ကိုယ်စားပြုတဲ့ သမဂ္ဂဖြစ်တဲ့ ကင်ညာလေကြောင်းလိုင်း လေယာဉ်မှူးများအသင်း (KALPA) ရဲ့ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ပင်စင်လစာထည့်ဝင်မှုနဲ့ ရွှေ့ဆိုင်းပေးချေမှုဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းဖို့ ပျက်ကွက်ပြီးနောက် သပိတ်မှောက်ခဲ့ကြတာပါ။

အင်္ဂါနေ့မှာ အလုပ်သမားနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ တရားရုံးမှ တရားသူကြီးတယောက်က လေယာဉ်မှူးတွေကို နိုဝင်ဘာ ၉ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီမှာ သူတို့ရဲ့တာဝန်တွေကို ခြွင်းချက်မရှိ ပြန်လည်စတင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

တရားရုံးဟာ လေကြောင်းလိုင်းရဲ့ စီမံအုပ်ချုပ်ရေးပိုင်းကနေ လုပ်ငန်းခွင် သပိတ်မှောက်တဲ့ အထဲ ပါဝင်တဲ့ လေယာဉ်မှူးတွေကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုကနေ ကင်းလွတ်စေခဲ့ပါတယ်။

တရားရုံးက သမဂ္ဂကို သပိတ်ဆက်မလုပ်တော့ဖို့ တားမြစ်ထားပြီး လေကြောင်းလိုင်းကလည်း သပိတ်စတင်ပြီးနောက် တရားရုံးကို မထီမဲ့မြင်ပြုခဲ့တဲ့အတွက် သမဂ္ဂတာဝန်ရှိသူတွေကို ဆင့်ခေါ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

တရားရုံးကတော့ အငြင်းပွားမှုကို ဆက်လက်ကြားနာမှာဖြစ်ကြောင်း တရားသူကြီး  အန်နီဝါရူရီက ပြောကြားခဲ့ပါတယ်။

3 weeks Ago

တရုတ်စစ်တပ်ကို လေ့ကျင့်ပေးမည့် လေယာဉ်မှူးများကိစ္စ သြစတြေးလျ ပြန်သုံးသပ်မည်

တရုတ်စစ်တပ်ကို လေ့ကျင့်ပေးဖို့ အကူအညီတောင်းခံခဲ့တဲ့ အနောက်နိုင်ငံက စစ်လေယာဉ်မှူးတွေထဲမှာ ဩစတြေးလျနိုင်ငံသားတွေလည်း ပါဝင်နေကြောင်း အစီရင်ခံစာတွေ ထွက်လာပြီးနောက် သြစတြေးလျအစိုးရဟာ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက် တွေကို ကာကွယ်ရမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ တာဝန်ဝတ္တရားတွေကို ပြန်လည်သုံးသပ်တော့မှာဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်က ပြောလိုက်ပါတယ်။

ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့တို့ဟာ သြစတြေးလျက အမှုကိစ္စတွေကို စုံစမ်းစစ်ဆေးနေကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်ဒ် မားလ်စ်က ပြောကြားပြီး သြစတြေးလျကာကွယ်ရေးတပ်က ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ကြောင်း ကြေညာခဲ့ပါတယ်။

သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့မှာ အမှုထမ်းကြတဲ့ ဒါမှမဟုတ် ဓနသဟာယရဲ့ တခြားနိုင်ငံတခုခုမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဒီနိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို ပိုင်ဆိုင်ထားသူတွေအတွက် အဲဒီလျှို့ဝှက်ချက်ကို ရေရှည်ထိန်းသိမ်းထားဖို့ တာဝန်ရှိတယ်လို့ မားလ်စ်က မီဒီယာညီလာခံမှာ ပြောကြားခဲ့ပါတယ်။

နယူးဇီလန် ကာကွယ်ရေးတပ်ဖွဲ့ဟာ အရင် စစ်ဘက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးနေတဲ့ နိုင်ငံခြားစစ်လေယာဉ်မှူးတွေကို ရပ်တန့်ဖို့ ဥပဒေတွေ လိုအပ်ခြင်း ရှိ မရှိ နယူးဇီလန် ကာကွယ်ရေးဝန်ကြီးကလည်း အကြံဉာဏ် တောင်းခံထားကြောင်း ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

3 weeks Ago

September 4, 2022

မစ္စစ္စပီပြည်နယ်တွင် လေယာဉ်မှူး ၁ ဦးက ကုန်တိုက်ပေါ်ကို လေယာဉ် ပျက်ကျအောင်လုပ်မည်ဟု ခြိမ်းခြောက်ခဲ့

အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်ရှိ ဝေါလ်မတ်ကုန်တိုက်ပေါ်ကို ရည်ရွယ်ချက်ရှိရှိ ပျက်ကျအောင်လုပ်မယ်လို့  ခြိမ်းခြောက်တဲ့ လေယာဉ်ငယ်ရဲ့ လေယာဉ်မှူးဟာ လယ်ကွင်းထဲမှာ ဆင်းသက်ခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွမှာ ဖော်ပြပါတယ်။

အစောပိုင်းက မစ္စစ္စပီပြည်နယ်အတွင်း တူပေလို ရဲဌာနက လေယာဉ်မှူးနဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး ဝေါလ်မတ်ဆိုင်နဲ့ ဓာတ်ဆီဆိုင်တို့ထဲက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တယ်လို့ ပြောပါတယ်။

လေကြောင်းခြေရာခံ အင်တာနက်စာမျက်နှာ Flightradar24. Com က ခြေရာကောက်ထားတဲ့ သတင်းအချက်အလက်တွေအရ လေယာဉ်မှူးဟာ လေယာဉ်ကို မဆင်းသက်မီ နာရီပေါင်းများစွာ တူပေလိုမြို့ ပေါ်မှာ စက်ဝိုင်းပုံစံ ပျံသန်းခဲ့ပုံကို ပြသထားပါတယ်။

လေယာဉ်ဟာ မစ္စစ္စပီပြည်နယ်ရဲ့ လူဦးရေကျဲပါးတဲ့ အက်ရှ်လန်းဒေသထဲမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးက အသက်ရှင်နေသေးတယ်လို့ သတင်းရင်းမြစ် အတော်များများကို ကိုးကားပြီး ဒေးလီးဂျာနယ်ကရေးပါတယ်။

3 months Ago
More News
Up