လေယာဉ်ဖြင့်ပစ်ခတ်

March 28, 2021

ကေအန်ယူ မူတြော်ခရိုင်ဌာနချုပ်ကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မူတြော်ခရိုင်ဌာနချုပ်ကို လေယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက ကေအန်ယူ တပ်မဟာ(၅)က အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီးနောက် ညပိုင်းမှာပဲ အဲဒီလိုလာရောက်ပစ်ခတ်ခဲ့တာပါ။

ည ၇ နာရီကနေ မနက် ၂ နာရီအထိ လေယာဥ် ၂ စင်း နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်တစ်လုံးမီးလောင်ကာ အိမ်ထဲနေထိုင်သူတစ်ယောက်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

1 month Ago
Up