လေယာဉ်ပစ် ဗုံးသီးဟောင်း

A d v e r t i s e m e n t With Us

June 2, 2020

မိုးညှင်းမြို့တွင် လေယာဉ်ပစ် ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ  တံတားသစ်ဆောက်ဖို့ မြေတူးရာက ဇွန်လ ၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က လေယာဉ်ပစ် ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိကြောင်း မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။ မိုးညှင်းမြို့ နားခါတောင်ရပ်ကွက်ရှိ  ကြိုးတံတားဟောင်း နေရာမှာ တံတားသစ်တည်ဆောက်တဲ့နေရာကနေ  ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိကြောင်း ဖုန်းဆက်အ ကြောင်းကြားလာတဲ့အတွက် မိုးညှင်းမြို့မရဲစခန်းမှ ခေတ္တ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းနိုင် ဦးစီးအဖွဲ့နဲ့  ခြေလျင်တပ်ရင်း အမှတ် ၁၅ မှ ဗိုလ်ကြီးအာကာပိုင်ဦးစီး အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဆိုပါနေရာမှာ ကုမ္ပဏီဝန်ထမ်း ဘက်ဟိုးယာဉ်မောင်းတဦးက  တံတားအုတ်မြစ်ချဖို့အတွက် ချောင်းစပ်မှာ ဘက်ဟိုးနဲ့ မြေကျင်းတူးနေစဉ် အလျား ၃ ပေ လုံးပတ် ၃ ပေခန့်ရှိ အသုံးပြုလို့မရတဲ့ လေယာဉ်ပစ်ဗုံးသီး  လို့ယူဆရတဲ့ ဗုံးသီးဟောင်းတစ်လုံးကို တွေ့ရှိခဲ့တာပါ။ အဆိုပါဗုံးသီးဟောင်းကို ခြေလျင်တပ်ရင်းအမှတ် ၁၅ မှ ဗိုလ်ကြီးအာကာပိုင် ဦးစီးအဖွဲ့က တပ်ပိုင် မော်တော်ယာဉ်နဲ့ ညနေ ၅နာရီ ၅၀ မိနစ်အချိန်က အမြောက်တပ် အမှတ် ၉၀၄ သို့ သယ်ဆောင်သွားပါတယ်။ သတင်း - ခင်သန်းညွန့်
9 months Ago
Up