အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်မှာ ဇူလိုင် ၃၁ ရက်က လေယာဉ်နှစ်စင်း ပျံသန်းနေစဉ် တိုက်မိပြီး ပြည်နယ် လွှတ်တော်အမတ်တစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။
ကန်နိုင်းကျွန်းဆွယ်ပေါ်က ဆိုဒေါ့နာမြို့ လေဆိပ်အနီး လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူ မရှိဘူးလို့လည်း အလက်စကာပြည်နယ် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပျက်ကျမှုအတွင်း ပြည်နယ် အောက်လွှတ်တော်အမတ် ဂယ်ရီနော့ဟာ လေယာဉ်တစ်စင်းမှာ တစ်ဦးတည်း လိုက်ပါလာခဲ့ပါတယ်။ ကျန်လေယာဉ်တစ်စင်းမှာတော့ တောင်ကယ်ရိုလိုင်းနားက ကမ္ဘာလှည့်ခရီးသည် ၄ ယောက်၊ ကန်းဆက်ပြည်နယ်က ဧည့်လမ်းညွှန် တစ်ယောက်နဲ့ ဆိုဒေါ့နာမြို့က ပိုင်းလော့တစ်ယောက်တို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဆေးရုံပို့ဆောင်တဲ့လမ်းမှာ တစ်ယောက် သေဆုံးခဲ့တာကလွဲလို့ ၇ ယောက်စလုံးဟာ လေယာဉ်ပျက်ကျရာနေရာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျတဲ့ အစိတ်အပိုင်းတွေဟာ အဝေးပြေးလမ်းမတစ်ခုပေါ် ကျရောက်ခဲ့တဲ့အတွက် လုံခြုံရေးအရ လမ်းမကို ခေတ္တပိတ်ထားခဲ့တယ်လို့လည်း ရိုက်တာက တင်ပြပါတယ်။
6 months Ago