လေယာဉ်ငယ်ပျက်က

October 30, 2019

နယူးဂျာစီပြည်နယ်တွင် လေယာဉ်ငယ်ပျက်ကျပြီး နေအိမ် ၁ လုံး မီးလောင်

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ကိုလိုနီယာဒေသမှာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက အသေးစား လေယာဉ်တစီး ပျက်ကျခဲ့ပြီးနောက် နေအိမ်တလုံး မီးလောင်ခဲ့ပါတယ်။  ခန့်မှန်းခြေ မနက် ၁၁ နာရီ မထိုးခင်လောက်မှာ အင်ဂျင်တလုံးတပ် ဆက်စ်နာလေယာဉ်ဟာ နေအိမ်တလုံးပေါ်ကို ပြုတ်ကျခဲ့တဲ့အကြောင်း သတင်းရတယ်လို့ ဝုဒ့်ဘရေ့ချ်မြို့တော်ဝန် ဂျွန်မတ်ကိုမတ်စ်က ပြောပါတယ်။ လေယာဉ်ပျက်တဲ့အချိန် အဲဒီအိမ်မှာ လူတယောက်မှ ရှိမနေပါဘူး။ အဲဒီဖြစ်စဉ်ကြောင့် မြေပြင်မှာ ထိခိုက်ဒဏ်ရာရတဲ့လူ မရှိပေမယ့် လေယာဉ်မှူးရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဂျွန်မတ်ကိုမတ်စ်က ဆက်ပြောပါတယ်။ နောက်ပိုင်းမှာတော့ မီးထိန်းထားနိုင်ခဲ့ပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up