လေယာဉ်ကွင်း

November 17, 2021

ကလေးမြို့ လေယာဉ်ကွင်းဘေးနား ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း ကလေးမြို့ လေယာဉ်ကွင်း ဘေးနားမှာ နိုဝင်ဘာ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခု နေ့လယ် ၁၂ နာရီလောက် လေယာဉ်ကွင်းအပြင်မှာ ဗုံးပေါက်ကွဲတယ်။ အထိအခိုက် အပျက်အစီးလည်း ဘာမှ မတွေ့ရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို လေယာဉ်ကွင်းဗုံးပေါက်တာ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

ကလေးမြို့မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့  စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၁၆ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်က ၁၀ ဦး ဖမ်းဆီးခံရပြီးနောက်  အခုလို ဗုံးပေါက်ကွဲခဲ့ပါတယ်။

9 months Ago

March 22, 2020

ကျောက်ဖြူ လေယာဉ်ကွင်းအတွင်း ပေါက်ကွဲမှုတခုဖြစ်၊ လူငယ်တဦး ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ လေယာဉ်ကွင်းမှာ မတ်လ ၂၁ ရက် ညနေက ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့တာကြောင့် လူငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အဲဒီနေ့ညနေက ၉ တန်းကျောင်းသားတွေဖြစ်တဲ့ မောင်ဇော်နိုင်၊ မောင်မင်းခန့်သူနဲ့ မောင်သက်ပိုင်ထွန်းတို့ သုံးဦးဟာ လေယာဉ်ကွင်းအနောက်ဘက် ခြံစည်းရိုးနားက လေယာဉ်ပြေးလမ်းပေါ်မှာ ဒေသန္တရလက်လုပ်မိုင်းအဟောင်းတလုံးကို တဦးနဲ့တဦး ပစ်ဖမ်းတမ်း ဆော့ကစားနေရာမှ လေယာဉ်လမ်းပေါ် ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် မောင်ဇော်နိုင်မှာ ဝဲမျက်ခုံး၊ ယာပေါင်၊ ဝဲပေါင်၊ ယာလက်ဖျံ၊ ယာလက်သူကြွယ်တို့မှာ ပေါက်ပြဲဒဏ်ရာတွေ(မစိုးရိမ်ရ)ရရှိပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
2 years Ago
Up