လေယာဉ်

December 9, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးကို လေယာဉ်ဖြင့် ပိုမိုသယ်ယူနိုင်ရန် တောင်ကိုရီးယား ကြိုးပမ်း 

ကိုဗစ်-၁၉ ကာကွယ်ဆေးကို သယ်ယူပို့ဆောင်ရာမှာ လေယာဉ်တစီးဟာ ရေခဲခြောက်ပမာဏ ကီလို ၃,၃၀၀ ကနေ ၁၁,၀၀၀ သာ သယ်နိုင်လို့ ဘိုးရင်း ၇၄၇ ကုန်တင်လေယာဉ်တစီးဟာ ကာကွယ်ဆေး ၅၂ သေတ္တာကိုသာ သယ်နိုင်တယ်လို့ ကိုရီးယား လေကြောင်းဌာနဆိုင်ရာ ဒုဝန်ကြီး ကင်မ်စန်ဂ်ဒူက ပြောပါတယ်။ တောင်ကိုရီးယားအစိုးရဟာ ဖှိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်း မိုဒါနာ နိုင်ငံတကာ ကော်ပိုရေးရှင်း အဲ့စ်ထျာဇေနေကာ ကော်ပိုရေးရှင်းနဲ့ ဂျွန်ဆင်အန် ဂျွန်ဆင်ရဲ့ ဂျန်ဆန်တို့ အပါအဝင် လူ ၄၄ သန်းစာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေအတွက် အရောင်းအဝယ် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီဇင်ဘာ ၈ ရက်က ပြောပါတယ်။ ကမ္ဘာတဝန်းလေကြောင်းလိုင်းတွေနဲ့ အစိုးရတွေဟာ ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာ လိုအပ်တဲ့ အထူးအအေးထိန်းသေတ္တာတွေကို ရဖို့ နည်းလမ်းရှာနေကြတာပါ။ ဖှိုက်ဇာကုမ္ပဏီထုတ် ကာကွယ်ဆေးက ရေခဲမှတ်အောက် -၇၀ ဒီဂရီ ဆဲစီးရပ်စ်ထက်နိမ့်တဲ့ အအေးချိန်မှာ ထားဖို့ လိုအပ်ပြီး မိုဒါနာရဲ့ ကာကွယ်ဆေးကတော့ ရေခဲမှတ်အောက် -၂၀ ဒီဂရီ ဆဲစီးရပ်စ်ထက်နိမ့်တဲ့ အအေးချိန်မှာ ထားဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးသယ်ဖို့ အခက်အခဲကတော့ လေယာဉ်တွေဟာ ရေခဲခြောက်လို့ ခေါ်တဲ့ အေးခဲကာဗွန်ဒိုင်အောက်ဆိုဒ်ကို အကန့်အသတ်နဲ့သာ သယ်နိုင်ပြီး လေယာဉ်ထဲက ရှူလို့ရတဲ့ လေထဲမှာ အချိန်နဲ့ အမျှ ဓာတ်ငွေ့အဖြစ် ပြောင်းသွားနိုင်တာပါ။ အအေးချိန် အပြောင်းအလဲ မရှိစေဖို့ အပူချိန်ကို ထိန်းချုပ်နိုင်တဲ့ အေးခဲကုန်သေတ္တာ သိုလှောင်ရာဌာနကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်း နိုင်ငံတကာ လေဆိပ်နားမှာ ဆောက်လုပ်နေပြီ လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။
4 months Ago

August 20, 2020

ရုရှားအတိုက်အခံခေါင်းဆောင် အစာအဆိပ်သင့်၍ လေယာဉ်အရေးပေါ်ဆင်းသက် 

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီဟာ အစာအဆိပ်သင့်တာကြောင့် စီးလာတဲ့ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရပြီး သြဂုတ်လ ၂၀ မနက်ပိုင်းမှာ ဆိုက်ဘေးရီးယားပြည်နယ်က ဆေးရုံဆီ တင်ပို့ကုသထားရပါတယ်။  အသက် ၄၄ နှစ်အရွယ် နာဗယ်လ်နီဟာ အဆိပ်သင့်ခဲ့ပြီး အထူးကြပ်မတ် ကုသဆောင်ထဲမှာ သတိလစ်နေတယ်လို့ အလက်ဇီရဲ့ ပြောခွင့်ရ ကီရာယာမစ်ရှ်က ပြောပါတယ်။  သူဟာ ဆိုက်ဘေးရီးယားပြည်နယ်  တွန်ခ်စ်မြို့ကနေ ရုရှားမြို့တော် မော်စကိုကိုပြန်တဲ့ လေကြောင်းခရီးစဉ်အတွင်း နေမကောင်း ဖြစ်ခဲ့တာလို့ သူ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။  လေယာဉ်ကို အွန့်စ်ခ်မြို့မှာ အရေးပေါ် ဆင်းသက်ပြီး အဆိပ်သင့်မှု သံသယနဲ့ အလက်ဇီကို ဆေးရုံဆီ ခေါ်သွားခဲ့တာလို့ သူ့ရဲ့ ပြောခွင့်ရက တွစ်တာနဲ့အင်စတာဂရမ်လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။  “အလက်ဇီဟာ လက်ဖက်ရည်နဲ့ရောထားတဲ့ တခုခုကြောင့် အဆိပ်သင့်ခဲ့တာလို့ ကျမတို့ ယူဆတယ်။ ဒါဟာ ဒီမနက်မှာ သူသောက်တဲ့ တခုတည်းသော အရာပဲ” လို့လည်း အလက်ဇီရဲ့ ပြောခွင့်ရ ကိရာယာမက်ရှ်က ပြောပါတယ်။   
8 months Ago
More News
Up