လေဗာကူဆန်မြို့

July 28, 2021

ဂျာမနီနိုင်ငံ လေဗာကူဆန်မြို့တွင် ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၁ ဦး သေဆုံး၊ ၄ ဦး ပျောက်ဆုံး

ဂျာမနီနိုင်ငံအနောက်ပိုင်းက လေဗာကူဆန်မြို့၊ စက်မှုဥယျာဉ်ထဲမှာ ဇူလိုင် ၂၇ ရက်က ပေါက်ကွဲမှုကြောင့် လူ ၁ ယောက် သေဆုံးပြီး တခြားလူ ၄ ယောက် ပျောက်ဆုံးနေပါတယ်။

ပေါက်ကွဲမှုကြောင့် အကြီးအကျယ် မီးလောင်ခဲ့ပြီး မီးခိုးမည်းတွေက မြို့ပေါ်မှာ ရစ်သိုင်းနေပါတယ်။ မနက် ၉ နာရီ မိနစ် ၄၀ လောက်က ပေါက်ကွဲအပြီး ဓာတုဗေဒကုမ္ပဏီ ဘာယာနဲ့ လန်းဆက်စ်တို့ တည်ရှိရာ ကမ်ပါ့ခ်စက်မှုဇုန်ထဲမှာ လောင်တဲ့မီးကို မီးသတ်သမားတွေ ၃ နာရီကြာ ကြိုးစား ငြှိမ်းသတ်ခဲ့ရတယ်လို့ စက်မှုဥယျာဉ် အော်ပရေတာက ပြောပါတယ်။

ခမ်ပါ့ခ်ရဲ့ အကြီးအကဲ လားစ်ဖရဒ်ဒရစ်ချ်က “ပေါက်ကွဲ မီးလောင်မှုကြောင့် လူ ၁၆ ယောက် ဒဏ်ရာရခဲ့ပြီး တယောက်က အသက်အန္တရာယ်ရှိနေတယ်။ ပျောက်နေဆဲ ၄ ယောက်ကို ရှာနေတယ်” လို့ ပြောပါတယ်။

4 months Ago
Up