လေဖြတ်ဝေဒနာရှင်

February 3, 2020

ငါးဖမ်းသင်္ဘောပေါ်မှ လေဖြတ်ဝေဒနာရှင်ကို အာဂျင်တီးနားရေတပ် ကူညီ

အာဂျင်တီးနားရေတပ်က အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ငါးဖမ်းသင်္ဘောပေါ်မှာ လေဖြတ်ဝေဒနာခံစားရတဲ့ အမျိုးသားတယောက်ကို ဘေးကင်းရာ သယ်ပို့ပေးခဲ့တယ်လို့ အာဂျင်တီးနားရေတပ်က ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။ ရဟတ်ယာဉ် ဝန်ထမ်းတွေက ထမ်းစင်ပေါ်က လူနာကို နာနီနာငါးဖမ်းသင်္ဘောပေါ်ကနေ ရဟတ်ယာဉ်ပေါ် တင်ပေးနေပုံ ရုပ်သံကိုလည်း လွှင့်ခဲ့ပါတယ်။ ဘေးကင်းရာ ရွှေ့ဖို့လိုတဲ့အကြောင်း သင်္ဘောကပ္ပတိန်က အာဂျင်တီးနားစစ်တပ်နဲ့ ရေတပ်ဆရာဝန်တို့ဆီကို ဆက်သွယ်အကြောင်းကြားခဲ့တာလို့ ရေတပ်က ထုတ်ပြန်တဲ့ သတင်းက ဆိုပါတယ်။ ဆေးဝန်ထမ်းတွေပါတဲ့ ရေတပ်ရဟတ်ယာဉ်နဲ့အတူ PA-41 စစ်လေယာဉ်လည်း စစ်ဆင်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ရေတပ်ဆရာဝန်က လူနာကို ရဟတ်ယာဉ်နဲ့တင်ပြီး ကိုမိုဒိုရို ရီဗာဒါဗီယာ အခြေစိုက်စခန်းဆီ သယ်သွားခဲ့တာပါ။ အဲဒီနောက် လူနာတင်ယာဉ်က ဆေးရုံဆီ ပို့ဆောင်ပြီး ဆေးကုပေးထားပါတယ်။
1 year Ago
Up