လေပြင်းများ

A d v e r t i s e m e n t With Us

December 15, 2019

အပူလှိုင်းနှင့် လေပြင်းများကြောင့် သြစတြေးလျ ကမ်းရိုးတန်း တောမီး ပိုမိုဆိုးရွား

ဒီဇင်ဘာလ ၁၄ ရက်နေ့က သြစတြေးလျအနောက်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ အပူလှိုင်းတွေနဲ့ လေပြင်းတွေဟာ ကမ်းရိုးတန်း တောမီးကို ပိုမိုဆိုးရွားစေပါတယ်။   ဒီဇင်ဘာလ ၁၁ ရက်က တောမီး စလောင်တဲ့ ပါ့သ်မြို့မြောက်ပိုင်း ယန်ချပ်ဒေသမှာ  အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ တောမီးလောင်နေတဲ့ အဲဒီဒေသအပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင် ရှိနေပြီး မီးသတ်သမားတွေရဲ့ မီးငြှိမ်းသတ်မှုတွေကို စိန်ခေါ်နေပါတယ်။ သြစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းမှာ နိုဝင်ဘာကတည်းက လောင်နေတဲ့ တောမီးကြောင့် သေဆုံးသူ ၄ ယောက်ထက်မနည်းရှိပြီး လယ်ယာနဲ့ ချုံတော ဧက  ၂ ဒသမ ၅ သန်း လောင်ကျွမ်းခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် အလုံးပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ သြစတြေးလျရဲ့ ပူပြင်းလှတဲ့ နွေရာသီမှာ တောမီးလောင်တာ ဖြစ်လေ့ရှိပေမယ့် ပြီးခဲ့တဲ့လက တောင်ကမ္ဘာခြမ်းမှာ တောမီး စောစီးစွာ လောင်ကျွမ်းမှုနဲ့ ပြင်းထန်မှုဟာ မကြုံစဖူး အခြေအနေ ဖြစ်ပါတယ်။  ကျွမ်းကျင်သူတွေကတော့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ဟာ  သြစတြေးလျကို ပိုမိုခြောက်သွေ့စေတယ်လို့ ပြောထားပါတယ်။
1 year Ago
Up