လေပြင်းတိုက်ခတ်မှု

A d v e r t i s e m e n t With Us

May 18, 2020

လက်ပံတန်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၅ လုံး ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ မေ ၁၇ ရက်  ညနေ ၆နာရီလောက်က လေပြင်းတိုက်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ၁၀၀ လောက် အမိုးလန်တာနဲ့ ပြိုကျပျက်စီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။ လက်ပံတန်းမြို့နယ်ထဲက ကြို့ပင်စခန်းကျေးရွာအုပ်စု ကြို့ပင်စခန်းရွာ၊ ရွှေညောင်ပင်ရွာ၊ မှော်အင်းကျေးရွာအုပ်စု ငြိမ်တည်ရွာ၊ လွှစင်ကုန်းရွာ၊ ပုတိမ်စုကျေးရွာအုပ်စု ကြပ်ကလေးရွာ၊ မြေစီးကျေးရွာအုပ်စု မြေစီးရွာ၊ ထောက်ကြံ့ကွင်းရွာ၊ ဖိုးခေါင်စုရွာ၊ လူတော်စုရွာ၊ သဲကောရွာ စတဲ့ ကျေးရွာ ၁၁ ရွာမှာလေဘေးသင့်ခဲ့တာဖြစ်ပြီး လူနဲ့တိရိစ္ဆာန်တွေတော့  ထိခိုက်မှုမရှိခဲ့ပါဘူး။ လေဘေးကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်တာ၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း အမိုးလန်တာ၊ စာသင်ကျောင်း၂ကျောင်း အမိုးလန် ၊ ဓာတ်တိုင် ၅ တိုင် လဲကျတာနဲ့ ကျိုးကျတာ၊ လူနေအိမ် ၉၀လုံး အမိုးလန်တာ၊ လူနေအိမ်၂ လုံး သစ်ပင်ပိတာနဲ့ လူနေအိမ် ၃ လုံး ပြိုကျတာတွေ ဖြစ်ပွားခဲ့တယ်လို့  လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက  "ကျနော်တို့ မနေ့ညနေက လေပြင်းဒဏ်ခံရတဲ့ ရွာတွေကို သတင်းကြားကြားချင်း သွားရောက်ခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ချက်ချင်း ဆောင်ရွက်ပေးခဲ့ပြီးတော့၊ ပျက်စီးစာရင်းကို ကောက်ယူပြီး ထောက်ပံ့ရေးရရှိဖို့အတွက် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကို တင်ပြပေးထား ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး ပျက်ဆီးသွားတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကိုတော့  ရွာသူရွာသားတွေက ပြင်ဆင်ပြုပြင်နေကြပါတယ်။  သတင်း၊ဓာတ်ပုံ - ဝဏ္ဏထွန်း
10 months Ago

May 6, 2020

တရုတ်နိုင်ငံရှိ ဟူမန်ကြိုးတံတား လေပြင်းတိုက်ခတ်မှုကြောင့်  ယာယီပိတ်ထား

တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်က ကြိုးတံတားတစင်းဟာ မေ ၆ ရက်နေ့က  လေပြင်းကြောင့် လှုပ်ခတ်ခဲ့ပြီးနောက် တာဝန်ရှိသူတွေက တံတားကို  ယာယီပိတ်ခဲ့ပါတယ်။ လေပြင်းတိုက်ပြီးနောက် ယာဉ်အသွားအလာများတဲ့  ဟူမန်ကြိုးတံတားဟာ သိသိသာသာ လှုပ်ခတ်သွားခဲ့ပြီး တံတား လှုပ်နေချိန်မှာပဲ ရာနဲ့ချီတဲ့ မော်တော်ကားတွေက အသွားအလာမပြတ် တံတားပေါ်က ဖြတ်သန်းခဲ့ပါတယ်။ တာဝန်ရှိသူတွေက လုံခြုံရေးအတွက် တံတားကို ယာယီပိတ်ထားခဲ့ပြီး တံတားကားလမ်းမ ခုံးထတာတွေ ဖြစ်ခဲ့ပေမယ့် တံတားပင်မ အဆောက်အအုံမှာ ထိခိုက်မှုမရှိဘူးလို့  ပညာရှင် ပြောကြားချက်ကိုကိုးကားပြီး  တရုတ်မီဒီယာက ထုတ်လွှင့်ခဲ့ပါတယ်။  တံတားလှုပ်ခတ်ချိန်မှာ လေတိုက်နှုန်းက တစ်နာရီ ၃၈ မိုင်ရှိခဲ့ပြီး ကြုံတောင့်ကြုံခဲ လေတိုက်နှုန်းမျိုး ဖြစ်တယ်လို့လည်း မီဒီယာက ဖော်ပြပါတယ်။ ဟူမန် ကြိုးတံတားဟာ သက်ရောက်တဲ့အားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်  ဒီဇိုင်းထုတ်ထားတဲ့  ကြိုးတံတားဖြစ်ပြီး အန္တရာယ်ကင်းပေမယ့် ထိတ်လန့်စရာကောင်းတယ်လို့ TMZ သတင်းမှာ ရေးသားထားပါတယ်။ 
10 months Ago
More News
Up