လေပြင်

May 7, 2020

ကသာခရိုင်တွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် အမိုးလန်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မေ ၇ ရက်နေ့က မိုးသက်လေပြင်းကျရောက်တာကြောင့် လူန်အိမ်အလုံး ၃၀၀ အမိုးလန် ပျက်စီးခဲ့တယ်လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ မိုးသက်လေပြင်းကြောင့် ကသာမြို့မှာ လူနေအိမ် ၁၉၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သာသနိကအဆောက်အဦ ၁ လုံး၊ ထီးချိုင့်မြို့နယ်မှာ လူနေအိမ် ၂၇ လုံး အခြား အဆောက်အဦ ၃ လုံး၊ အင်းတော်မြို့နယ်မှာ လူနေအိမ် ၅၁ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ဗန်းမောက်မြို့နယ်မှာ လူနေအိမ် ၉ လုံး၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ကောလင်းမြို့နယ်မှာ လူနေအိမ်အလုံး ၂၀ ၊ ဝန်းသိုမြို့နယ်မှာ လူနေအိမ် ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ပင်လည်ဘူးမြို့နယ်မှာ လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ကသာခရိုင်ခရိုင်အတွင်း မေလ ၆ ရက်နေ့ကလည်း လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၃၂၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၅ လုံး၊ အခြားအဆောက်အဦ ၃ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ကိုကိုလင်း (အင်းတော်)
2 years Ago

မိုးညှင်းတွင် လေပြင်းကြောင့် ဓာတ်တိုင်နှင့်သစ်ပင်များ ကျိုးကျ (ဓာတ်ပုံ) 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ကျေးရွာမှာ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က လေပြင်းကြောင့် မဟာရွှေဘုံသာ စေတီတော်မြတ် ဘုရားကြီးရဲ့ အရှေ့ဘက်မုခ် အဝင်နှစ် ၇၀ သက်တမ်းရှိ ထနောင်းပင်နဲ့ လျှပ်စစ်ဓာတ်အားတိုင် ၃ တိုင် ကျိုးကျ ပျက်စီး ခဲ့ပါတယ်။ “11 KV ဓာတ်အားလိုင် ၃ တိုင် ကျိုးတယ်။ သစ်ပင်တပင်လဲသေးတယ်။ ခု ချက်ချင်း ပြင်နေပါတယ်” လို့ မိုးညှင်းမြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီထနောင်းပင်ဟာ ဒီဒေသမှာ တပင်တည်းရှိပြီး နှစ် ၇၀ သက်တမ်းရှိတယ်လို့ ဘီလူးအရှေ့ကျောင်းဆရာတော်က  မိန့်ပါတယ်။ ထနောင်းပင်လဲပြီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တဲ့အတွက် ကျေးရွာသား ၁၀၀ လောက် ဝိုင်းဝန်းရှင်းလင်းခဲ့ပြီး ဓာတ်အားလိုင်းတိုင်တွေကိုလည်း ပြန်လည်ပြုပြင်နေပြီး အမြန်ဆုံးဓာတ်အားလွှတ်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ခင်သန်းညွန့် 
2 years Ago

January 6, 2020

လေပြင်းကြောင့် သစ်ပင်ကြီးလဲကျမှုမှ တူရကီအမျိုးသား ၂ ဦး လွတ်မြောက်ခဲ့ (ရုပ်သံ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဒီဇင်ဘာ ၃၀ ရက်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် သစ်ပင်တွေအမြစ်ကနေ လှန်ပြီး ကားတွေပါပျက်စီးခဲ့ရပါတယ်။  နိုင်ငံရဲ့အကြီးဆုံးမြို့မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို စီစီတီဗွီမှတ်တမ်းတွေကတဆင့်မြင်တွေ့ခဲ့ ရပြီး မှတ်တမ်း ဗီဒီယိုတချို့မှာ သစ်ပင်တပင်ကားတွေပေါ်လဲကျခဲ့ရာကနေ အမျိုးသား ၂ ယောက် အသက်ဘေးကနေ လွတ်မြောက်သွားခဲ့ရတဲ့ အခိုက်အတန့်တခုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံးကား နှစ်စီးလောက် ဆိုးဆိုးရွားရွားပျက်စီးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက် မီးသတ်တပ်ဖွဲ့ဝင်တွေက လဲကျသွားတဲ့သစ်ပင်ကို လာရောက်ဖယ်ရှားခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေကပြောပါတယ်။  ဒီဖြစ်ရပ်ကြောင့် ထိခိုက်သေဆုံးမှုမျိုးတော့ မရှိခဲ့ပါဘူး။ 
2 years Ago
Up