ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့တဲ့ ကမ္ဘာတဝန်း ရုပ်သံဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်သွားမယ်လို့ ပေါ့ပ်ဂီတ အကျော်အမော် လေဒီဂါဂါက ဧပြီလ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
“One World: Together at Home” ဆိုတဲ့ ရုပ်သံဖျော်ဖြေပွဲမှာ အနုပညာရှင်တွေ ဖြစ်တဲ့ ပေါလ်မက္ကာနေ၊ ဘီလီအိုင်းလစ်ရှ်နဲ့ တခြား နာမည်ကျော်အနုပညာရှင်တွေ ပါဝင် ဖျော်ဖြေသွားမှာပါ။
အဲဒီရုပ်သံဖျော်ဖြေပွဲကို ဧပြီလ ၁၈ ရက်မှာ ကျင်းပပြီး ကမ္ဘာအနှံ့ ရုပ်သံလိုင်းပေါင်းစုံနဲ့ ဒစ်ဂျစ်တယ် နက်ဝါ့ခ်တွေကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ကူညီဖို့အတွက် စီစဉ်သူတွေက ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၅ သန်း ထည့်ဝင်ထားတယ်လို့ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ပြောခဲ့ပြီး ဖျော်ဖြေပွဲက ရရှိငွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေကို သာမန်ပြည်သူတွေ တပ်တာက COVID-19 တုံ့ပြန်ရေး လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် နှာခေါင်းစည်း ပြတ်လပ်မှုကို တွန်းအားပေးသလို ဖြစ်မှာ စိုးရိမ်မိတယ်လို့လည်း WHO က ပြောပါတယ်။
11 months Ago