လေထီးမပွင့်မှု ကြုံတွေ့ရ

November 6, 2019

ဘိုးရင်းကုမ္ပဏီ၏ အာကာသတက္ကစီ စမ်းသပ်ခရီးစဉ်အတွင်း လေထီးမပွင့်မှု ကြုံတွေ့ရ 

ဘိုးရင်းကုမ္ပဏီက လုပ်တဲ့ အာကာသတက္ကစီ စမ်းသပ်ခရီးစဉ်အတွင်း လေထီး ၃ ခုမှာ တခုက မပွင့်ခဲ့ဘူးလို့ ကုမ္ပဏီက ပြောလိုက်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းက အာကာသယာဉ်မှူးတွေကို အသွား အပြန် ပို့ဆောင်ပေးဖို့အတွက် လူမပါတဲ့ CST-100 Starliner အာကာသတက္ကစီကို ဘိုးရင်းက  စမ်းသပ်ခဲ့တာပါ။ စမ်းသပ်ရာမှာ အရေးပေါ် အခြေအနေအတွင်း အာကသယာဉ်မှူးတွေ ဘေးကင်းရေး တီထွင်ထားတဲ့ လေထီးတခု မပွင့်ခဲ့ဘူးလို့ ဘိုးရင်း ပြောခွင့်ရပုဂ္ဂိုလ် တော့ဒ်ဘလက်ချာက အီးမေးလ်ကနေ ပြောခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံသားတွေကို ဂြိုဟ်ပတ်လမ်း သုတေသနစခန်းဆီ  ပထမဆုံးအကြိမ် ပြန်စေလွှတ်ဖို့အတွက် နာဆာဟာ ဘိုးရင်းနဲ့ စပေ့အိပ်စ်ကုမ္ပဏီတွေကို အဓိက ကန်ထရိုက်တာအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲဒီလို စမ်းသပ်ရာမှာ လေထီးပွင့်ရေးဟာ ကုမ္ပဏီ နှစ်ခုစလုံး ကြုံတွေ့နေရတဲ့ ထိပ်တန်း နည်းပညာအခက်အခဲတခု ဖြစ်ပါတယ်။ အသံထက်မြန်တဲ့ အမြန်နှုန်းနဲ့ အာကသတက္ကစီတွေ ကမ္ဘာမြေဆီ ပြန်လာရာမှာ လေထီးတွေဟာ ယာဉ်ရဲ့အမြန်နှုန်းကို လျှော့ချဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
2 years Ago
Up