လေထီးကို မထိန်းချုပ်နိုင်ဘဲ ပေပေါင်းထောင်ချီတဲ့ အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ အမြင့်ခုန်သူတဦးဟာ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်ဟာ အင်္ဂလန်တောင်ပိုင်းမှာ သြဂုတ် ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
အမြင့်ခုန်သူဟာ Tigers Army Display အဖွဲ့ဝင်တဦး ဖြစ်ပြီး သူဟာ အရှေ့ဘော်နီအနီးမှာ ပြုလုပ်ခဲ့တဲ့ အုပ်စုလိုက် အမြင့်ခုန် အခမ်းနားတခုမှာ ပါဝင်ရင်း အခုလိုမျိုး မတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
လေထီးထိန်းချုပ်လို့ မရခဲ့တာကြောင့် အောက်ကို ပြုတ်ကျလာတဲ့ ဒီအမြင့်ခုန်သမားကို ထိတ်လန့်နေတဲ့ ပရိသတ်တွေကလည်း ရင်တမမနဲ့ ကြည့်ရှုခဲ့ကြပါတယ်။
ဒီအမြင့်ခုန်သမားဟာ သူတို့သတ်မှတ်ထားတဲ့ ဆင်းသက်ဇုန်ရဲ့ အရှေ့ဘက်စွန်းပိုင်းကို ဆင်းသက်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အသေးစားဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့လည်း သူ့အဖွဲ့က ပြောပါတယ်။
Tigers အဖွဲ့ဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သူတို့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ထုတ်ပြန်ချက်တစောင် ရေးသားခဲ့ပြီး စိုးရိမ်ပေးခဲ့တဲ့ လူတွေကို ကျေးဇူးတင်ကြောင်းနဲ့ စီစဉ်ထားတဲ့အတိုင်း နောက်ထပ် အမြင့်ခုန်မှုတွေကို ထပ်မံပြုလုပ်သွားဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေလထီးခြၽတ္ယြင္းၿပီး အျမင့္ေပ ေထာင္ေပါင္းမ်ားစြာမွ ျပဳတ္က် (႐ုပ္သံ)
ေလထီးကို မထိန္းခ်ဳပ္ႏိုင္ဘဲ ေပေပါင္းေထာင္ခ်ီတဲ့ အျမင့္ကေန ျပဳတ္က်ခဲ့တဲ့ အျမင့္ခုန္သူတဦးဟာ အသက္ေဘးက သီသီေလး လြတ္ေျမာက္ခဲ့တယ္လို႔ Reuters သတင္းမွာ ေဖာ္ျပပါတယ္။
ဒီျဖစ္စဥ္ဟာ အဂၤလန္ေတာင္ပိုင္းမွာ ၾသဂုတ္ ၁၆ ရက္ေန႔က ျဖစ္ပြားခဲ့တာပါ။
အျမင့္ခုန္သူဟာ Tigers Army Display အဖြဲ႕ဝင္တဦး ျဖစ္ၿပီး သူဟာ အေရွ႕ေဘာ္နီအနီးမွာ ျပဳလုပ္ခဲ့တဲ့ အုပ္စုလိုက္ အျမင့္ခုန္ အခမ္းနားတခုမွာ ပါဝင္ရင္း အခုလိုမ်ိဳး မေတာ္တဆမႈနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။
ေလထီးထိန္းခ်ဳပ္လို႔ မရခဲ့တာေၾကာင့္ ေအာက္ကို ျပဳတ္က်လာတဲ့ ဒီအျမင့္ခုန္သမားကို ထိတ္လန႔္ေနတဲ့ ပရိသတ္ေတြကလည္း ရင္တမမနဲ႔ ၾကည့္ရႈခဲ့ၾကပါတယ္။
ဒီအျမင့္ခုန္သမားဟာ သူတို႔သတ္မွတ္ထားတဲ့ ဆင္းသက္ဇုန္ရဲ႕ အေရွ႕ဘက္စြန္းပိုင္းကို ဆင္းသက္ခဲ့ၿပီး ကံေကာင္းေထာက္မစြာနဲ႔ အေသးစားဒဏ္ရာေတြသာ ရရွိခဲ့တယ္လို႔လည္း သူ႔အဖြဲ႕က ေျပာပါတယ္။
Tigers အဖြဲ႕ဟာ ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ သူတို႔ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာလည္း ထုတ္ျပန္ခ်က္တေစာင္ ေရးသားခဲ့ၿပီး စိုးရိမ္ေပးခဲ့တဲ့ လူေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ စီစဥ္ထားတဲ့အတိုင္း ေနာက္ထပ္ အျမင့္ခုန္မႈေတြကို ထပ္မံျပဳလုပ္သြားဦးမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
2 years Ago