လေထီးခုန်သူ

A d v e r t i s e m e n t With Us

March 15, 2020

သစ်ပင်ပေါ် ချိတ်နေသည့် လေထီးခုန်သူကို ရဟတ်ယာဉ်အဖွဲ့က ကယ်တင် (ရုပ်သံ)

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်က လေထီးခုန်သူတဦးဟာ လေထီးနဲ့ သစ်ပင် ငြိပြီး  တန်းလန်းဖြစ်ခဲ့တာကြောင့် အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။  ဒီဖြစ်ရပ်ဟာ မတ် ၇ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ သူ့ကို ကူညီဖို့အတွက် အလာဘားမားပြည်နယ်ရဲ့ လေကြောင်းအဖွဲ့ထံ တောင်းဆိုခဲ့ရပါတယ်။  တာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရ လေထီးခုန်သူဟာ ဘယ်ကမှန်းမသိရသေးတဲ့ အမျိုးသားတဦးဖြစ်ပြီး သူဟာ ပေ ၇၀ လောက်မြင့်တဲ့ သစ်ပင်ပေါ်မှာ လေးနာရီလောက် ချိတ်နေခဲ့တယ်လို့ သိရပါတယ်။  ရဟတ်ယာဉ်တစင်းနဲ့ ကယ်ဆယ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးသမားတဦးက ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ဆင်းကာ သူ့ကို ရဟတ်ယာဉ်ပေါ်ကို ဆွဲတင်ပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။
12 months Ago
Up