လေတပ်တပ်ဖွဲ့

February 20, 2020

ဂရိနှင့်အမေရိကန် နှစ်နိုင်ငံလေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်

ဂရိနဲ့အမေရိကန် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖေဖော်ဝါရီ ၁၉ ရက်က ဂရိနိုင်ငံမြောက်ပိုင်းမှာ နှစ်နိုင်ငံ လေတပ်တပ်ဖွဲ့ဝင်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ကျည်အစစ်သုံး လေ့ကျင့်ခန်းအတွင်း စစ်ရဟတ်ယာဉ်တွေက ပစ်မှတ်တုတွေကို ပစ်ခဲ့တာပါ။ စစ်ရေးလေ့ကျင့်ခန်းကို လာရောက်ကြည့်ရှုတဲ့ ဂရိနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒီစစ်ရေးလေ့ကျင့်မှုဟာ နေတိုးမဟာမိတ်နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေတယ်လို့ ပြောခဲ့ပါတယ်။  ဂရိနဲ့အမေရိကန် ဆက်ဆံရေးဟာ အရင်ကထက် ပိုမိုကောင်းလာပြီး  ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အရေးပါတဲ့အစိတ်အပိုင်း ဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြိး ဂျက်ဖရီ ပိုင်းယတ်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့  ဂရိဝန်ကြီးချုပ် ခီရီယာကို မီချိုသာကီတို့ ဝါရှင်တန်မှာတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး အားကောင်းဖို့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပေယိုရဲ့ ဂရိခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရတို့အကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့  ရိုက်တာသတင်း အရ သိရပါတယ်။  
2 years Ago
Up