ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဩစတြေးလျ လေကြောင်းလိုင်း Qantas ဟာ ဝန်ထမ်းအင်အားနဲ့ စီမံကိန်းတွေကိုပါ အနည်း ဆုံး ၂၀ ရာခိုင်နှုန်း လျှော့ချတော့မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒါဟာ ရှယ်ယာတန်ဖိုး ဩစတြေးလျဒေါ်လာ ၁ ဒဿမ ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၀ ဘီလီယံကို ပြန်ရှာနိုင်ဖို့ ဖြစ်ပါတယ်။
ဒီ ဩစတြေးလျ လေကြောင်းလိုင်းဟာ လေယဉ်အစီး ၁၀၀ ကို ၁၂ လတာ မြေပြင်မှာ ရပ်နားထားမှာ ဖြစ်ပြီး၊ လက်ရှိသုံးနေတဲ့ ဘိုးရင်း ၇၄၇ ဂျက်လေယဉ်ကြီး ခြောက်စင်းကိုတော့ သတ်မှတ်ကာလ ခြောက်လမတိုင်ခင်မှာပဲ အနားပေးတော့မယ်လို့ ဆိုပါတယ်။
Qantas လေကြောင်းလိုင်းမှာ ဝန်ထမ်း ၂၉၀၀၀ ထဲက အနည်းဆုံး ၆၀၀၀ ကို အလုပ်ထုတ်မှာဖြစ်ပြီး၊ ကျန်တဲ့ ဝန်ထမ်းတွေထဲက ၁ သောင်းခွဲကို ယာယီ အလုပ်ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။
ဒီလူတွေကတော့ နိုင်ငံတကာလေကြောင်းပျံသန်းရေးနဲ့ ပတ်သက်တဲ့သူတွေဖြစ်ပြီး ခရီးစဉ်တွေ ပြန်မပြေးဆွဲမဖြစ်ချင်း ရပ်နားထားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
8 months Ago