လူ ၉ ဦး သေဆုံး

December 21, 2020

အာဖဂန်နစ္စတန်တွင် လွှတ်တော်အမတ်ကို ပစ်မှတ်ထားကားဗုံးခွဲ၊ လူ ၉ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ လွှတ်တော်အမတ်တယောက်ကို ပစ်မှတ်ထားပြီး ဒီဇင်ဘာ ၂၀ ရက်မှာ ကားဗုံးခွဲခဲ့လို့ လူ ၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဖောက်ခွဲခံရပေမယ့် လွှတ်တော်အမတ် ခန်းမိုဟမ်မဒ်ဝါဒက်ခ် အပါအဝင် လူ ၂၀ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတချို့က အမျိုးသမီးတွေနဲ့ ကလေးတွေလို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဒီလုပ်ရပ်အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ အခိုင်အမာ မသိရသေးပါဘူး။ လတ်တလော သီတင်းပတ်တွေအတွင်း အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးနေချိန်မှာ ဗုံးခွဲတာ အပါအဝင် အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေပါတယ်။  ပြီးခဲ့တဲ့ ၃ လအတွင်း တာလီဘန်တွေက နိုင်ငံတလွှား အသေခံတိုက်ခိုက်မှု ၃၅ ကြိမ်နဲ့ ဗုံးခွဲမှု ၅၀၇ ကြိမ် ဆောင်ရွက်ခဲ့ပြီး အရပ်သား ၄၈၇ ယောက် သေဆုံးပြီး ၁၀၄၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
4 months Ago

December 20, 2020

တူရကီနိုင်ငံ ပုဂ္ဂလိကဆေးရုံ ကိုဗစ်ကုသဆောင် မီးလောင်၊ လူ ၉ ဦး သေဆုံး

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဂါဇီယံတပ်မြို့က ပုဂ္ဂလိကဆေးရုံတရုံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံတွေကို အထူးကြပ်မတ်ကုသပေးနေတဲ့ အဆောင်မှာ မီးလောင်တာကြောင့် လူ ၉ ယောက် သေဆုံးတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။ အောက်ဆီဂျင် လေဝင်ပေါက် ပေါက်ကွဲ မီးလောင်ခဲ့တာလို့ ဒေသန္တရ အစိုးရရုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ကုသမှုခံယူနေတဲ့ လူနာတွေကိုတော့ အနားက ဆေးရုံတွေဆီ လွှဲပြောင်းပေးခဲ့ရတာပါ။  ပြည်နယ်အတွင်း အစိုးရ ရှေ့နေ ၂ ယောက်က ဦးစီးပြီး ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံ အစိုးရ ရှေ့နေရုံးက ပြောပါတယ်။
4 months Ago
More News
Up