လူ ၉၈ ဦး

March 26, 2020

ဂျပန်တွင် မတ် ၂၅ တရက်တည်း လူ ၉၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဂျပန်နိုင်ငံမှာ မတ်လ ၂၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူဦးရေ ၉၈ ယောက် အသစ်တွေ့ခဲ့ပြီး ကူးစက်ခံ ၂ ယောက် ထပ်သေဆုံးပါတယ်။  ဒါကြောင့် ကူးစက်မှုစကတည်းက ခုထိ တရက်တည်းမှာ ကူးစက်မှုအသစ် အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။  ကူးစက်ခံ လူနာအသစ် ၄၁ ယောက်က တိုကျိုမြို့တော်က ဖြစ်ပြီး သတိထား နေထိုင်ကြဖို့ အုပ်ချုပ်ရေးမှူးက သတင်းစာ ရှင်းလင်းပွဲအတွင်း တိုက်တွန်းပါတယ်။  လာမယ့် သီတင်းပတ်တွေမှာ နိုင်ငံသားတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင် မထွက်ကြဖို့လည်း သူက ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ မတ်လ ၂၆ ရက် မွန်းလွဲအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀၃ ယောက် ရှိပြီး ၇၁၂ ယောက်က ဒိုင်းမွန်းပရင့်စ် ဇိမ်ခံသင်္ဘောကို အတူစီးခဲ့ကြသူတွေပါ။ ကူးစက်ခံ ၅၅ ယောက် သေဆုံးခဲ့ပြီးပါပြီ။
2 years Ago
Up