အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒိုစပရင်းဒေသမှာ ဇန်နဝါရီ ၁၃ ရက်က ဓားနဲ့တိုက်ခိုက်မှုအတွင်း လူ ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဓားနဲ့တိုက်ခိုက်မှုဟာ မနက်အစောပိုင်းမှာ ဖြစ်ခဲ့ပြီး အရေးပေါ် ဖုန်းခေါ်ဆိုမှုကြောင့် ရဲတပ်ဖွဲ့က သွားရာမှာ ဓားထိုးခံရသူ နှစ်ယောက်ကို တွေ့ခဲ့ပါတယ်။
ဓားနဲ့ တိုက်ခိုက်သူကို ရှာဖွေချိန်မှာပဲ ရဲတပ်ဖွဲ့ဟာ တိုက်ခိုက်ခံရသူတွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် မူရင်းအခင်းဖြစ်ရာနေရာကနေ တမိုင်လောက် အကွာမှာ ရဲတပ်ဖွဲ့က သံသယရှိသူကို တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် စုံစမ်းရေးကို လုပ်ဆောင်နေပြီး မည်းမည်းမြင်ရာကို ဓားနဲ့ တိုက်ခိုက်ပုံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago