ချီလီနိုင်ငံ စန်တီယေဂိုမြို့မှာ လူ ၈ ယောက်ကို သတ်ပြီး တခြား ၂ယောက်ကို အကြီး အကျယ် ဒဏ်ရာရအောင် လုပ်ခဲ့မှုနဲ့ တာဝန်ရှိတယ်လို့ ထင်ရတဲ့ သံသယဖြစ်ဖွယ် ကွင်းဆက် လူသတ်သမားကို ရဲတွေက ဖမ်းလိုက်ပါပြီ။
အသက် ၃၀ အရွယ် ကိုလံဘီယာနိုင်ငံသား ဒေးဂို အလက်ဇန်းဒါး ရုဇ်ရတ်စ်ထရီပိုကို အာဏာပိုင်တွေက လုံခြုံရေး ကင်မရာတွေကနေတဆင့် ခြေရာခံအပြီး နိုဝင်ဘာ ၉ ရက်က ဖမ်းဆီးခဲ့တာပါ။
သံသယရှိသူရဲ့ အိမ်မှာ လူ ၈ ယောက်ထက်မနည်း သတ်ခဲ့တာနဲ့ ပတ်သက်တဲ့ အဝတ်တွေ ထိုးသွင်းဒဏ်ရာတွေအတွက် သုံးခဲ့တဲ့ လက်နက်တွေကို ရဲတွေက တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေ က အသိပေးပါတယ်။
သူဟာ တချို့လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ဝန်ခံထားပြီးပြီလို့ အစိုးရရှေ့နေရုံးက ဆိုပါတယ်။
စုံစမ်းစစ်ဆေးနေဆဲအချိန်မှာ သံသယရှိသူကို ရဲအချုပ်နဲ့ ဆက်ပြီး ထိန်းသိမ်းထားမယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
2 years Ago