လူ ၈ ဦးသေ

August 17, 2020

ကိုလံဘီယာ မူးယစ်ကုန်ကူးရာဒေသ၌ ပစ်ခတ်မှုဖြစ်ပြီး  လူ ၈ ဦးသေ

ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းက မူးယစ်ကုန်ကူးရာဒေသထဲမှာ ဘယ်သူဘယ်ဝါ မသိရတဲ့ လက်နက်ကိုင်အုပ်စုက သြဂုတ် ၁၅ ရက်ညမှာ လူ ၈ ဦးကို အသေပစ်သတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အီကွေဒေါနိုင်ငံနဲ့ နယ်စပ်နားက နာရီနိုခရိုင်ထဲမှာ ညသန်းခေါင်အချိန် ပစ်သတ်မှု ဖြစ်ခဲ့တာလို့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကြေညာချက် ထုတ်ပြန်ပါတယ်။  တိုက်ခိုက်သူတွေက မျက်နှာကာတွေကို ဝတ်ထားပြီး တာဝေးပစ်လက်နက်တွေ ကိုင်ဆောင် ထားတယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။ ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးက တိုက်ခိုက်မှုကို ပစ်တင်ရှုတ်ချပြီး ရဲနဲ့ စစ်ဘက် အဆင့်မြင့်အရာရှိတွေ အဲဒီဒေသကို သွားနေပြီလို့လည်း ပြောပါတယ်။  လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ ကိုလံဘီယာလူ့အခွင့်အရေးအဖွဲ့တို့ကလည်း တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ မူးယစ်ကုန်ကူးမှုဟာ ကိုလံဘီယာရဲ့ဆယ်စုနှစ်ချီ ပြည်တွင်းရေးပဋိပက္ခကို သက်ဆိုး ရှည်စေတာပါ။ ကိုလံဘီယာပြည်တွင်းစစ်အတွင်း လူပေါင်း ၂၆၀၀၀၀ ကျော် သေဆုံးခဲ့ပြီး သန်းချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လက်ဝဲယိမ်းပြောက်ကျား တပ် NLA ၊ ဖှားသူပုန်ဟောင်း ဂိုဏ်းခွဲတွေနဲ့ လက်ယာယိမ်း အရန် စစ်တပ်ဟောင်းတွေနဲ့ မူးယစ်ဂိုဏ်းတွေပါတဲ့ ရာဇဝတ်အုပ်စုတွေ အားလုံးမူးယစ်ကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေကြပါတယ်။
9 months Ago

February 24, 2020

အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  လူ ၈ ဦးသေဆုံး၊ ၄၃ ဦး ကူးစက်ခံထားရ

အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်လို့ လူ ၈ ယောက် သေဆုံးပြီး တနင်္ဂနွေနေ့အထိ လူ ၄၃ ယောက် ကူးစက်ခံခဲ့ရပြီလို့ အီရန်အစိုးရက ကြေညာလိုက်ပါတယ်။  အခုဆို နိုင်ငံတွင်းမှာတော့  ပြည်သူတွေ တုန်လှုပ်ချောက်ချားနေပြီး ဆေးဆိုင်တချို့မှာ ကူးစက်ရောဂါထိန်းချုပ်ရေး ထုတ်ကုန်တွေ ပြတ်တောက်ကုန်ပါတယ်။  ဗုဒ္ဓဟူးနေ့က မြို့တော်တီရန်ရဲ့ တောင်ဘက် ကီလို ၁၂၀ အကွာက ကွန်းမ်မြို့မှာ ကူးစက်မှုကို ပထမဆုံး ကြေညာအပြီး တခြားမြို့ အတော်များများဆီကို ဗိုင်းရပ်စ်သစ် ကူးစက်ခဲ့တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုပါတယ်။  အစိုးရက ကြေညာတဲ့ အသစ်ကူးစက်ခံရသူ အရေအတွက်ကို ကျယ်ကျယ်ပြန့်ပြန့် သံသယ ရှိနေကြပါတယ်။  အစိုးရက အကြီးစားတုံ့ပြန်ဖို့ ပြင်ဆင်နေပေမယ့် အီရန်ရဲ့ နဂိုတည်းက အားနည်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြောင့် လွယ်မှာမဟုတ်ဘူးလို့ မီဒီယာတွေက သုံးသပ်ပါတယ်။  ရောဂါ ကူးစက်မှု စတင်တွေ့ရှိရာ ကွန်းမ်မြို့အပါအဝင် မြို့ ၂ မြို့မှာ ကျောင်းတွေကို တနင်္ဂနွေနေ့က စပြီး ပိတ်ထားမယ်လို့ အစိုးရက ကြေညာပါတယ်။  အဲရ်ကူဝိတ် လေကြောင်းလိုင်းနဲ့ အီရာကီအဲဝေးစ် လေကြောင်းလိုင်းတွေကလည်း အီရန် နိုင်ငံအတွင်း အဝင်အထွက် လေကြောင်းခရီးစဉ် အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ ကျန်တဲ့လေကြောင်းခရီးစဉ် နည်းနည်းအတွက် စစ်ဆေးရေးလုပ်ဆောင်ချက်တွေကို အီရတ်အစိုးရက အကောင်အထည်ဖော် ကြပ်မတ်နေပြီး မြေပြင်ကနေ နယ်စပ်ဖြတ်ကူးမှုတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။  တူရကီအစိုးရကလည်း အီရန်နယ်စပ်ကို ဖေဖော်ဝါရီ ၂၃ ရက်က စပြီး ပိတ်ပစ်ခဲ့ပါတယ်။ အဝေးပြေးလမ်း အားလုံးနဲ့ ရထားလမ်းတွေကို ညနေ ငါးနာရီက စပိတ်ခဲ့ပြီး အီရန်နဲ့ လေကြောင်းခရီးစဉ် အားလုံးကိုလည်း ဆိုင်းငံ့ခဲ့တယ်လို့ တူရကီကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။ ပါကစ္စတန်အစိုးရကလည်း တူရကီနဲ့ နယ်စပ်က တပ်ဖှ်တန်နယ်စပ်ကို ဖေဖော်ဝါရီ ၂၃ ရက်က စပြီး ပိတ်ပစ်ခဲ့ ပါတယ်။  ပါကစ္စတန်ကနေ အီရန်ကို ဘုရားဖူးသွားသူတွေဟာ ဒီနယ်စပ်ကို အကြီးအကျယ် သုံးကြတာပါ။ ဒါပေမယ့် အီရန်ကို အသွားအပြန် လေကြောင်းခရီးစဉ်တွေကိုတော့ မဆိုင်းငံ့ထားဘူးလို့ ပါကစ္စတန်အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ ဒီနေ့မွန်းလွဲပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုးနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၉၅၆၆၊ သေဆုံးသူ အယောက် ၂၆၂၀ နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၅၁၀၈ ဦး ရှိပြီလို့ သိရပါတယ်။
1 year Ago
Up