လူ ၈ ဦး ဒဏ်ရာရအောင် ပီးရူးနွားရိုင်းတွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ (ရုပ်သံ)

May 19, 2016

လူ ၈ ဦး ဒဏ်ရာရအောင် ပီးရူးနွားရိုင်းတွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ (ရုပ်သံ)

ပီးရူးနိုင်ငံအလယ်ပိုင်း လီမာမြို့တော်အနီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ကျင်းပခဲ့တဲ့ ရိုးရာနွားရိုင်းလွှတ်ပွဲတော်တခုမှာ ပါဝင်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒဏ်ရာရသူ အများစုကတော့  “ဟာလာ တိုရို” Jala Toro ဆိုတဲ့ ဘောလုံးကွင်းအပြင်ဘက်မှာ လူအုပ်ထဲ နွားရိုင်းလွှတ်တဲ့ပွဲမှာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် လီမာမြို့တော်က ပါဝင်သူတဦး နောက်ကျောမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး အနီးက ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေဆဲလို့ ဆိုပါတယ်။ အခုလို ရိုးရာနွားရိုင်းလွှတ်ပွဲတော် ကျင်းပတဲ့အချိန်တွေမှာ ဒေသခံဆေးရုံ၊ ဆေးခန်းတွေကို ဒေသခံအာဏာပိုင်တွေက အရေးပေါ်အခြေအနေကြေညာပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှု ပေးတာတွေ၊  နှစ်စဉ် ထိခိုက်ဒဏ်ရာရသူဦးရေ မှတ်တမ်းယူတာတွေ လုပ်ဆောင်ကြပါတယ်။ ကျင်းပတိုင်း ထိခိုက်ဒဏ်ရာရနေပေမယ့်လည်း ဒီရိုးရာပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပနေကြပြီး အခုလည်း ဒီတပတ်ကုန်တဲ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
6 years Ago
Up