လူ  ၇ ဦး

December 30, 2020

ခရိုအေးရှားတွင် ငလျင်ကြောင့် လူ  ၇ ဦး သေဆုံး

ခရိုအေးရှားနိုင်ငံ မြို့တော် လာဂရက်အနီးမှာ  ဒီဇင်ဘာ ၂၉ ရက်က  ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၄ အဆင့်ရှိတဲ့  မြေငလျင်လှုပ်ခဲ့တာကြောင့် လူ  ၇ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရတယ်လို့ အယ်ဂျာဇီးယားသတင်းက ဖော်ပြပါတယ်။  ငလျင်ဟာ   မြေအောက်အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခဲ့တယ်လို့  ဂျာမန်ဘူမိသိပ္ပံ သုတေသန စင်တာ  GFZ က ဆိုပါတယ်။ လာဂရက်မြို့တော်ဝန်က မြေငလျင်ကြောင့်  ဂလီနာမြို့ထက်ဝက်ဝန်းကျင် ပျက်စီးခဲ့ပြီး အပြိုအပျက်တွေအောက်ကနေ လူတွေကို ဆွဲထုတ်နေတယ်လို့  ပြောဆိုပါတယ်။  မြေငလျင်လှုပ်ခတ်တာကို မြို့တော် လာဂရက် ၊ အိမ်နီးချင်း ဘော့စနီးယား  ၊ ဆားဘီးယား နဲ့ အီတလီနိုင်ငံကပင် သိရှိခံစားခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်ကလည်း ခရိုအေးရှားနိုင်ငံအလယ်ပိုင်း ပတ်ထရီနာမြို့ အနီးမှာ ပြင်းအား ၅ ဒသမ ၂ ရှိတဲ့ မြေငလျင် လှုပ်ခဲ့ပါတယ်။ မတ်လတုန်းကလည်း ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်ဟာ လာဂရက်မှာ လှုပ်ခဲ့ပြီး တစ်ယောက်သေဆုံးကာ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ 
10 months Ago
Up