လူ ၆ ယောက်ထက်မနည်း

December 10, 2019

ချက်သမ္မတနိုင်ငံ ဆေးရုံတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား၊ လူ ၆ ယောက်ထက်မနည်း သေဆုံး

ချက်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း အော့စ်ထရာဗာမြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဆေးရုံတခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်လို့ လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ ဆေးရုံဧည့်ခန်းထဲမှာ ထိုင်နေတဲ့ လူ ၆ ယောက်ကို သေနတ်သမားတယောက်က ပစ်ခတ်ခဲ့တာပါ။ လက်ရှိမှာတော့ သေနတ်သမားကို ရဲတွေက ရှာဖွေနေပြီး သံသယရှိသူရဲ့ ဓာတ်ပုံတပုံကိုလည်း ထုတ်ပြန်ကြေညာထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီလောက်မှာ အော့စ်ထရာဗာမြို့ တက္ကသိုလ်ဆေးရုံထဲမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး ဂျန်ဟာမတ်ခ်က ပြောပါတယ်။  အဲဒီသေနတ်ပစ်ခတ်မှု လုပ်ရပ်က ဘာကြောင့်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အိုဆရာဗာမြို့ကို ဝန်ကြီးချုပ် အန်ဒရီဘာဘီစ့် ရောက်ရှိလာပြီး အခင်းဖြစ်တဲ့ ဆေးရုံမှာ ရဲအင်အားအပြည့် လုံခြုံရေးယူထားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up