အိန္ဒိယနိုင်ငံမှာ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မှုအတွင်း ပြီးခဲ့တဲ့သီတင်းပတ်က ဥတာပရာဒေ့ရှ်ပြည်နယ်မှာ မွတ်စလင် ၅ ယောက် သေဆုံးခဲ့ပါတယ်။
သူတို့ ၅ ယောက်စလုံးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်က မီရက်မြို့ လစ်ဆာရီဂိတ်ဝန်းကျင်မှာ မွန်းလွဲ မွတ်စလင်ဝတ်ပြုချိန်နောက်ပိုင်း ပဋိပက္ခဖြစ်ခဲ့တာပါ။
သေဆုံးခဲ့သူတွေဟာ အဲဒီနေ့က ဝတ်ကျောင်းနဲ့ အလုပ်ကိုသွားခဲ့ပြီး သေနတ်ဒဏ်ရာနဲ့ အိမ်ပြန်လာတယ်လို့ ဆွေမျိုးသားချင်းတွေက ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်စဉ်အပေါ် သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို တွေ့ဆုံမေးမြန်းခဲ့သူ အယောက် ၂၀ စလုံးကလည်း ရဲတပ်ဖွဲ့ သေနတ်ပစ်ခတ်တာကို မတွေ့မြင်ခဲ့ဘူးလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူတို့ဟာ နံပါတ်တုတ်နဲ့ မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ပြီး လူစုခွဲဖို့ သေနတ်ပစ်ဖောက်ခဲ့ပေမယ့် ဘယ်သူ့ကိုမှ ပစ်မသတ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့သူ ၂၅ ယောက်အနက် ၁၉ ယောက်ဟာ ဥတာပရာဒေ့ရှ် ပြည်နယ်က ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago