လူ ၅၁ ဦး

August 27, 2020

နယူးဇီလန်တွင် လူ ၅၁ ဦးအား သေစေခဲ့သူ သေနတ်သမားကို ထောင်ဒဏ်တသက်ချ

လူ ၅၁ ယောက် သေဆုံးတဲ့အထိ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီ ၂ ဆောင်ကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို နယူးဇီလန် တရားရုံးက ခံဝန်ချက်နဲ့ လွှတ်ပေးခွင့်မပြုတဲ့ ထောင်ဒဏ် တစ်သက်တကျွန်း  ချမှတ်လိုက်ပါတယ်။  သြဂုတ် ၂၇ ရက်က ချမှတ်တဲ့ ဒီပြစ်ဒဏ်ဟာ နယူးဇီလန်မှာ ပထမဆုံး ချမှတ်တဲ့ ပြစ်ဒဏ်လည်း ဖြစ်ပါတယ်။   အသက်  ၂၉ နှစ်အရွယ် သြစတြေးလျ နိုင်ငံသား ဘရန်တန် တာ့ရန့်ဟာ လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြံစည်မှု ၄၀ နဲ့  အကြမ်းဖက်မှု ၁ ခု ကျူးလွန်ကြောင်း ဒီနှစ် အစောပိုင်းမှာ ဝန်ခံခဲ့ ပါတယ်။  ၂၀၁၉ ခုနှစ် မတ်လတုန်းက သူဟာ ခရိုက်ချက်မြို့ထဲက ဗလီနှစ်ခုထဲ ဝင်ရောက်ကာ သေနတ်နဲ ပစ်ခတ်ခဲ့ပြီး  အဲဒီပစ်ခတ်မှုကို ဖေ့စ်ဘွတ်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။  ပြစ်ဒဏ်ချမှတ်ရာမှာ တရားသူကြီး ကမ်မရွန်းမန်ဒါက အဲဒီလို ပြစ်မှုအတွက် ချမှတ်ဖို့ ပြစ်ဒဏ်ကာလဟာ မလုံလောက်ဘူးလို့ ပြောဆိုခဲ့ပြီး တရားခံတာရန့်ဟာ  ပြစ်ဒဏ်အတွက် နောင်တရပုံ မပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။  စီရင်ချက်အပြီးမှာ တရားရုံးအပြင်ဘက်က ခရိုက်ချက် မွတ်စလင်အသိုက်အဝန်းက လက်ခုပ်တီးပြီး ပျော်ရွှင်စွာ သီချင်းသီဆို နှုတ်ဆက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါ တယ်။
1 year Ago
Up