မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
Jobs at DVB
ဒီဗွီဘီသတင်းလွှာ
ads
x
Search
လူ ၅၀၀၀ ကျော်
Home
လူ ၅၀၀၀ ကျော်
January 25, 2020
1.3K
လူ ၅၀၀၀ ကျော် နေထိုင်နိုင်မည့် မြေကြီးအိမ် ဘိုးသက်ရှည် သဘာဝရိပ်သာစခန်း စဆောက်
ရွှံ့၊ ကောက်ရိုး၊ စပါးခွံများ အသုံးပြုပြီး မြေကြီးအိမ် ဘိုးဘွားရိပ်သာကို မကွေးမြို့မှာ စတင်တည်ဆောက်နေတယ်လို့ ဘိုးသက်ရှည် သဘာဝရိပ်သာစခန်း ဦးစီးတည်ထောင်သူ ပညာပါရမီဆရာတော် အရှင်သဇ္ဇနဆီက သိရပါတယ်။
သဘာဝစခန်းလုပ်ငန်းစီမံချက်မှာ မြေအကျယ်ဧက ၅၀ ပေါ်မှာ ရွှံ့၊ ကောက်ရိုး၊ စပါးခွံတွေနဲ့ အသုံးပြုဆောက်လုပ်ထားတဲ့ မြေကြီးအိမ် နားနေဆောင်တွေ၊ အော်ဂင်းနစ်စိုက်ခင်းတွေ၊ အပင်မျိုးစုံစိုက်ပျိုးပြီး စာတွေ့လက်တွေ့ သင်ကြားပေးမယ့် Alternative School သင်တန်းခန်းတွေ ပါဝင်မှာဖြစ်ပြီး လတ်တလောမှာ နားနေဆောင် ပင်မအဆောက်အအုံကို ဆောက်နေတယ်လို့ အရှင်သဇ္ဇနက မိန့်ဆိုပါတယ်။
“ဒါပြီးရင် လူဦးရေ ၅၀၀၀ ကျော် နားနေနိုင်မယ်။ တနှစ်ကို လူဦးရေ ၁ သောင်းကျော် သင်တန်းပေးနိုင်ပါမယ်။ ဒီလိုလုပ်ဖို့ တွေးမိတာကတော့ ကြာပါပြီ။ မနှစ်က မနေနိုင်လောက်အောင် ပူပြင်းလာလို့ အမြန်အကောင်အထည်ဖော်လိုက်တာပါ။”
အဲဒီရိပ်သာကို မကွေးမြို့ တောင်တွင်းလမ်းက ပညာပါရမီစာကြည့်တိုက်နဲ့ DENKO ဆီဆိုင်ရဲ့ တောင်ဘက် တမိုင်ခန့်အကွာ၊ ဆည်မြောင်းတည်ဆောက်ရေး ၈ ရုံးရဲ့ အရှေ့ဘက် နှစ်ဖာလုံအကွာမှာ ဆောက်နေတာပါ။
စီမံချက်တခုလုံးအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ခန့်မှန်း ထားပြီး မြေ ၂ ဧကပေါ်မှ လက်ရှိဆောက်တဲ့ ပင်မအဆောက်အအုံကို မြေကြီးအိမ် တည်ဆောက်မှုကျွမ်းကျင် ပညာရှင်တွေနဲ့ တည်ဆောက်နေတာဖြစ်ပြီး နွေကာလမတိုင်မီ ပြီးစီးပါက လူ ၂၀ဝ လောက် စတင်နားနေနိုင်တော့မယ်လို့ သိရပါတယ်။
“လူသားတွေကြောင့် ပျက်စီးသွားတဲ့ သဘာဝတရားကြီးကို လူသားဖြစ်တဲ့ကိုယ်က နိုင်သလောက် သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာအောင်၊ လက်ရှိအနေအထားကို သုံးသပ်လိုက်ရင် ပြန်လည်ပြုပြင်ဖို့ အချိန်မီသေးတာကြောင့် အများပြည်သူများပါလာအောင် ရှေ့ကနေစပြီး ပြုပြင်ပြရင်း သဘာဝကျကျ နေထိုင်နည်းတွေ၊ ဓာတုလွတ် စိုက်ပျိုးနည်းတွေကို မျှဝေသွားနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဆရာတော် အရှင်သဇ္ဇနက မိန့်ပါတယ်။
မြေသားအိမ်ဆောက်လုပ်နေထိုင်တာကြောင့် အခြားသော အဆောက်အအုံ ဆောက်လုပ်မှုထက် ကုန်ကျမှု သက်သာတာ၊ မီးဖုတ်အုတ်တွေ အသုံးမပြုတာကြောင့် သစ်တော သစ်ပင် ပြုန်းတီးမှုနဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်တာ၊ ခေတ်မီအိမ်သုတ်ဆေးတွေ အသုံးမပြုတဲ့အတွက် ခဲဆိပ်သင့်နိုင်တဲ့ အခြေအနေမှ ကာကွယ်နိုင်တာ စတဲ့အကျိုးတွေ ရရှိနိုင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ခုနစ်ရက်သားသမီးတွေရဲ့အလှူငွေတွေနဲ့ ဆောက်လုပ်နေတာပါ။ သီးသန့်လိုက်ပြီး အလှူမ ခံပါဘူး။ လာလှူရင်သာ လက်ခံတာပါ” လို့ ဆရာတော်က မိန့်ပါတယ်။
လက်ရှိဆောက်နေတဲ့ မြေကြီးအိမ် တည်ဆောက်မှုမှာ ကုသိုလ်ယူလိုသူတွေက ရွှံ့နင်းတာနဲ့ ဝေယျာဝစ္စအလုပ်တွေ ပါဝင်လုပ်ကိုင် ကုသိုလ်ယူနေကြပါတယ်။
ကိုလင်း(ချောက်)
3 years Ago
© Copyright 2021 DVB Designed and Developed by
Digit X Myanmar
.
Up