လူ ၅၀

A d v e r t i s e m e n t With Us

April 27, 2020

ချီလီသမ္မတနုတ်ထွက်ရန် လူ ၅၀ ခန့် မျက်နှာဖုံးနှင့် ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ဆန္ဒပြ

ချီလီနိုင်ငံမှာ မျက်နှာဖုံးနဲ့ ကာကွယ်ရေးဝတ်စုံကို ဝတ်ထားတဲ့ ဆန္ဒပြသူတွေဟာ ဧပြီ ၂၆ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။  အခြေခံဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲ လုပ်ဖို့ နှောင့်နှေးနေတာကို ဆန့်ကျင်ဆန္ဒပြရင်း သမ္မတ စီဘတ်စီယံပစ်နေးရား ရာထူးက နုတ်ထွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားဖို့ လူချင်းခွာပြီး နေကြဖို့ ချီလီအစိုးရက အမိန့် ထုတ်ထားပေမယ့် ဆန္ဒပြသူအယောက် ငါးဆယ်လောက်ဟာ ပလာဇာအီတလီယာ ကုန်တိုက်တန်း ထဲမှာ စုရုံးခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ဟစ်ကြွေးရင်း သမ္မတရုံးက ထုတ်ပြန်တဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေကို ဝေဖန်ခဲ့ကြပါတယ်။  ရေအမြောက် ကားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ရောက်လာချိန်မှာ ဆန္ဒပြပွဲ အဆုံး သတ်ခဲ့ပါတယ်။ ချီလီနိုင်ငံမှာ လတ်တလောလတွေအတွင်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။  ချီလီအခြေခံဥပဒေသစ်အတွက် လူထုဆန္ဒခံယူပွဲကို ဧပြီလ ၂၆ ရက်မှာ ကျင်းပဖို့ ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အောက်တိုဘာလမှာမှ ကျင်းပဖို့ ရွှေ့ဆိုင်းထားပါတယ်။ 
11 months Ago
Up