လူ ၄၀ ကျော် သေဆုံး

A d v e r t i s e m e n t With Us

October 26, 2019

အီရတ်တွင် တကျော့ပြန်ဆန္ဒပြပွဲများ ဖြစ်ပွား၊ လူ ၄၀ ကျော် သေဆုံး

အီရတ်နိုင်ငံမှာ အောက်တိုဘာလ ၂၅ ရက်နေ့က တကျော့ပြန်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး နိုင်ငံတဝန်း လူ ၄၀ ကျော် သေဆုံးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံး ဖြိုခွင်းသလို အီရန် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေေ သေနတ်ပစ်ပြီး နှိမ်နင်းတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်မှု ဖြစ်ခဲ့ပြီးနောက် ရေနံကြွယ်ဝရာ ဘတ်ဆရာမြို့မှာ ဆန္ဒပြသူ ၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီလအစောပိုင်းက စတင်တဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့်  လူအယောက် ၁၅၀ သေဆုံးပြီးနောက်မှာ အောက်တိုဘာ ၂၅ ရက်နေ့က ဆန္ဒပြပွဲတွေ တဖန် ပေါ်ပေါက်ခဲ့ပါတယ်။ အီရတ်နိုင်ငံအတွင်း အကျင့်ပျက် ခြစားမှုတွေနဲ့ စီးပွားရေးပြဿနာတွေအပေါ် ဆန့်ကျင်ပြီး အောက်တိုဘာ ၂၅ ရက်နေ့က ဆန္ဒပြသူတွေက အစိုးရရုံးတွေဆီ   ချီတက်ကြတာပါ။ မြို့တော် ဘဂ္ဂဒက်က တဟီရာရင်ပြင်မှာ လူ ၁၀၀၀ ဝန်းကျင် စုဝေးခဲ့ပြီးနောက် မြို့ရဲ့ အစောင့်အရှောက် ထူထပ်တဲ့ အစိမ်းရောင်နယ်မြေဆီ ချီတက်ခဲ့ကြပါတယ်။ ဘဂ္ဂဒက် အစိမ်းရောင်နယ်မြေမှာ အစိုးရရုံး အဆောက်အဦတွေနဲ့ နိုင်ငံခြားသံရုံးတွေ တည်ရှိပြီး ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago
Up