လူ ၄၀

October 12, 2020

ပါရီမြို့ ဆင်ခြေဖုံးရှိ ရဲစခန်းကို လူ ၄၀ ခန့် ဝင်ရောက်တိုက်ခိုက်

ပြင်သစ်မြို့တော်ပါရီရဲ့ ဆင်ခြေဖုံးက ရဲစခန်းကို လူအယောက် ၄၀ လောက်က သံတုတ်တွေ၊ မီးပန်းတွေသုံးပြီး အောက်တိုဘာ ၁၀ ရက်ညက ဝင်စီးနင်းဖို့ ကြိုးစားခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပါရီမြို့လယ်ကောင်ရဲ့ အရှေ့တောင်ဘက် ၉ မိုင်အကွာက ရဲစခန်းကို ချိန်ရွယ်ပြီး မီးပန်းတွေနဲ့ ပစ်ခတ်နေပုံ ရုပ်သံကို ရဲတွေက အင်တာနက်ပေါ် တင်ခဲ့ကြပါတယ်။ တိုက်ခိုက်သူတွေဟာ ရဲစခန်းထဲကို ဝင်ဖို့ အင်အားသုံး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘယ်သူမှ အဖမ်းမခံရပေမယ့် ရဲစခန်း ပြတင်းတွေ ကွဲကုန်ပြီး ကားတွေလည်း ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်အစောပိုင်းက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာလည်း ရဲစခန်းကို မီးပန်းတွေနဲ့ ထပ်ခါတလဲ ပစ်ခတ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ၂ နှစ်အတွင်း ရဲစခန်းကို တတိယမြောက် တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ရဲစခန်းဟာ မူးယစ်ကုန်ကူးနေတယ်လို့ သိကြတဲ့ အိမ်ရာစခန်းတခုနားမှာ ရှိပြီး တရားဥပဒေ စိုးမိုးရေးအတွက် ထိပ်တန်းဦးစားပေးခရိုင်အဖြစ် အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။  မေလလယ်ကစတဲ့ ကိုဗစ်-၁၉ ကပ်ဘေးထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ချက် အဆုံးမှာ စီးပွားရေးကျဆင်းလို့ ရာဇဝတ်မှုတိုးလာတဲ့အတွက် သမ္မတ အီမန်နျူယယ်မက်ခွန်း အစိုးရက တပ်လှန့်မှု တိုးမြှင့်ထားခဲ့ရပါတယ်။
9 months Ago

July 6, 2020

ဂျပန်တွင် ရေကြီးမြေပြိုခြင်းကြောင့် လူ ၄၀ ခန့် သေဆုံးဟု ခန့်မှန်း

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးကျွန်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူပေါင်း ၄၀ နီးပါးလောက် သေဆုံးမယ်လို့ ခန့်မှန်းရပါတယ်။  ဇူလိုင် ၆ ရက် မနက်မှာ မြစ်ကမ်းပါးတွေ ကျိုးပေါက်လုနီးဖြစ်နေလို့ ဘေးကင်းရာ ရွှေ့ပြောင်းရေး အမိန့်သစ်တွေ ထုတ်ပြန်ထားရပါတယ်။  စနေ၊ တနင်္ဂနွေနေ့တွေမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံးသူက အခုအချိန်အထိ ၂၁ ဦး ရှိထားတာပါ။  နောက်ထပ် ၁၈ ဦးလည်း သေဆုံးပြီလို့ ယူဆရပြီး  ပျောက်ဆုံးနေသူကလည်း ၁၃ ဦးရှိနေ တယ်လို့ အစိုးရအဖွဲ့အတွင်းဝန်က ပြောပါတယ်။  ဇူလိုင် ၄  ရက်မှာပဲ လူပေါင်း နှစ်သိန်းလောက်ကို သူတို့ နေအိမ်တွေကနေ ကယ်ထုတ်ခဲ့ရ တယ်လို့ ကျိုဒိုသတင်းဌာနက ပြောပါတယ်။  ဂျပန်မှာ တိုင်ဖွန်းမုန်တိုင်း ဟာဂစ်ဘစ် မနှစ်ကအောက်တိုဘာမှာ ဝင်ရောက်ခဲ့ချိန်က လူ ကိုးဆယ်လောက်သေဆုံးခဲ့ပါတယ်။  အဲဒီနောက် အခုရေလွှမ်းမိုးမှုတွေဟာ အဆိုးရွားဆုံးကပ်ဘေးတခု ဖြစ်တယ်လို့ ရိုက်တာက  ရေးပါတယ်။ 
12 months Ago
Up