လူ ၃ ဦး သေဆုံး

A d v e r t i s e m e n t With Us

December 11, 2020

စပိန်တွင် ကုန်လှောင်ရုံ မီးလောင်ပြီး လူ  ၃ ဦး သေဆုံး၊ ၂၃  ယောက် ဒဏ်ရာရ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ဆင်ခြေဖုံးက ရွှေ့ပြောင်းလာသူတွေနေထိုင်တဲ့ အဆောက်အအုံ တစ်ခုမှာ  မီးလောင်သေဆုံးခဲ့တဲ့  ရုပ်အလောင်း နှစ်ခုကို ဒီဇင်ဘာ ၁၀ ရက်မှာ မီးသတ်သမားတွေ သယ်ထုတ်လာခဲ့ပါတယ်။  ဒီဇင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ ကုန်လှောင်ရုံမီးလောင်မှုကြောင့်  ၃ ယောက်ထက်မနည်း သေဆုံးပြီး ၂၃  ယောက် ဒဏ်ရာရခဲ့တာပါ။   ဒဏ်ရာရသူတွေထဲက ၄ ယောက်ဟာ စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ပထမ သေဆုံးသူ နှစ်ယောက်ဟာ အာဖရိကန်မြောက်ပိုင်းကဖြစ်တယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က ဆိုပြီး သေဆုံးဒဏ်ရာရသူတွေအတွက် ကြေကွဲဝမ်းနည်းမိကြောင်း ပြောပါတယ်။  ကာတာလန်အစိုးရရဲ့  ပြည်ထဲရေးဌာန တာဝန်ရှိသူ တစ်ဦးက သေဆုံးသူတွေ ထပ်တွေ့ လာနိုင်တယ်လို့ ပြောပါတယ်။  အထောက်အထားမဲ့ရွှေ့ပြောင်းလာသူတွေဟာ ဘာဒါလိုနာစက်မှုဇုန်က ဂိုဒေါင်တွေမှာ မကြာခဏ အိပ်စက်တတ်တယ်လို့ ကာတာလိုးနီးယားဒေသ ခေါင်းဆောင်နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
3 months Ago

December 17, 2019

အမေရိကန်တွင် လေဆင်နှာမောင်းကြောင့် အနည်းဆုံးလူ ၃ ဦး သေဆုံး 

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းတခွင်မှာ ဒီဇင်ဘာ  ၁၆ ရက်က လေဆင်နှာမောင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး  သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ခဲ့ပါတယ်။ လေဆင်နှာမောင်းကြောင့် အလာဘားမားပြည်နယ်မြောက်ပိုင်းမှာ အနည်းဆုံး လူ ၂ ဦးနဲ့ လူဝီစီယားနားပြည်နယ်မှာ   ၁ ဦး သေဆုံးခဲ့ပါတယ်။ လေဆင်နှာမောင်းနဲ့ မုန်တိုင်းကြောင့် လူဝီစီယားနား၊ မစ္စစ္စပီ၊ အလာဘားမားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ အပျက်အစီးတွေ  ဖြစ်ပေါ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒေသမီဒီယာကို ပြောပါတယ်။  လေဆင်နှာမောင်းကြောင့် ဖြစ်ပေါ်တဲ့ အပျက်အစီးပမာဏကို သိရှိဖို့ တိုင်းတာရေးအဖွဲ့တွေ စေလွှတ်သွားမယ်လို့  မုန်တိုင်း ကြိုတင်ခန့်မှန်းရေးစင်တာ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် မစ္စစ္စပီ၊ လူဝီစီယားနားနဲ့ အလာဘားမားပြည်နယ်က လူ ၃၀၀၀၀ လောက်ဟာ  လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့တယ်လို့ Poweroutage ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up