လူ ၃ ဦးပါ ကားကို ဖောက်ခွဲပြသည့် ၄ နှစ်သား ရုပ်သံ အိုင်အက်စ်ဖြန့်ချိ

A d v e r t i s e m e n t With Us

February 13, 2016

လူ ၃ ဦးပါ ကားကို ဖောက်ခွဲပြသည့် ၄ နှစ်သား ရုပ်သံ အိုင်အက်စ်ဖြန့်ချိ

အစ္စလာမ္မစ် နိုင်ငံတော် (အိုင်အက်စ်)ရဲ့ ၀ါဒဖြန့် ဗွီဒီယိုဖိုင်မှာ အသက် ၄ နှစ် ဗြိတိန်ကလေးငယ်တဦးက လူ ၃ ဦးပါကားကို ဖောက်ခွဲပြလိုက်ပါတယ်။ ဆီးရီးယားကို မိခင်နဲ့ အတူသွားရောက်ခဲ့တဲ့ အိုင်ဇက်ဒဲရဲ့ မျက်နှာကို ဖုံးအုပ်ထားတဲ့ လူတယောက်နဲ့ တွေ့မြင်ရမှာ ဖြစ်သလို ဒီလူက ဆီးရီးယားကို စုံထောက်တွေ လွှတ်ခဲ့ပြီး သူတို့ ညီအကိုတွေကို သတ်ဖြတ်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည် ပြောဆိုပါတယ်။ ဒီနောက်မှာတော့ ကားထဲမှာ လက်ထိတ်ခတ်ထားတဲ့ လိမ္မော်ရောင် အကျီဝတ်ထားသူ ၃ ဦးကို အပြစ်တွေကို ၀န်ခံစေခဲ့ပြီးတဲ့နောက် ၄ နှစ်ကလေးငယ် အိုင်ဇက်ဒဲက ကားကို ပေါက်ကွဲစေမယ့် အဝေးထိန်းခလုတ်ကို နှိပ်လိုက်ပါတယ်။ “ဒီနောက်မှာတော့ ဘုရားသခင်က ကြီးမြတ်တယ်လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ကြွေးကြော်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်း ပြောခွင့်ရကတော့ ဒီဗွီဒီယိုဖိုင်ကို အရာရှိတွေက စစ်ဆေးနေသလို ဒါဟာ အိုင်အက်စ်တွေ ဆုတ်ခွာနေတဲ့ အခြေအနေကို ပြသတာ ဖြစ်တယ်လို့ ပြောပါတယ်။ ရုပ်သံဖိုင်ကို ဆီးရီးယားက ရာကွာမှာ ရိုက်ကူးတယ်လို့လည်း မှတ်ယူနေပါတယ်။ အရင်လက သေဒဏ်စီရင်နေတဲ့ ရုပ်သံဖိုင်မှာ အိုင်ဇက်ကို တွေ့မြင်ခဲ့ရပါတယ်။ အိုင်ဇက် အဖိုးကတော့ ကလေးကို အိုင်အက်စ်တွေ လက်ကိုင်တုတ်အဖြစ် အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အိုင်ဇက်ရဲ့ မိခင်ကခရစ်ယာန် ဘာသာဝင်တဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ လန်ဒန်ကနေ မထွက်ခွာခင်မှာ အစ္စလာမ်ဘာသာဝင်ကူးပြောင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆွီဒင်က ဂျီဟတ်ဝါဒီ တဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
5 years Ago
Up