လူနှစ်ယောက်ထက်ပိုပြီး မစုဝေးရ စည်းကမ်းချက်တွေအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို ဘာလင်ရဲတပ်ဖွဲ့က ဧပြီလ ၁၈ ရက်မှာ လူစုခွဲခဲ့ပါတယ်။
ဂျာမနီအစိုးရရဲ့ ကန့်သတ်ချက်တွေအပေါ် တုံ့ပြန်တဲ့ ဆန္ဒပြပွဲမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ပါဝင် စုဝေးခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ တယောက်နဲ့ တယောက် ၆ ပေ ခွာရမယ်ဆိုတဲ့ စည်းကမ်းကို မလိုက်နာဘူးဆိုပြီး ဂျာမန်ရဲတပ်ဖွဲ့က လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။
ဆန္ဒပြပွဲ စီစဉ်သူတွေက သူတို့ဟာ ပြည်သူတွေကိုယ်တိုင် ချမှတ်တဲ့ ဖွဲ့စည်းပုံဥပဒေ၊ အခွင့်အရေးတွေ နဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ စီးပွားရေး စည်းမျဉ်းသစ်တွေကို ထောက်ခံတယ်လို့ သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအဖွဲ့ကို “ဒီမိုကရက်တစ် တော်လှန်ရေးအတွက် ပြည်သူ့ဆက်ဆံရေးရုံး” ဆိုပြီး ခေါ်ဆိုပါတယ်။
ဒါဟာ ဘာလင်မြို့နဲ့ တခြားမြို့တွေမှာ အဲဒီအဖွဲ့ရဲ့ သီတင်း ၄ ပတ်မြောက် ဆက်တိုက် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံသားတိုင်းဟာ တဦးနဲ့တဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို လိုက်နာတယ်ဆိုရင် နိုင်ငံရေး ဆန္ဒပြပွဲ ကျင်းပခွင့် ရှိတယ်လို့ ဂျာမနီ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ဧပြီ ၁၆ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
11 months Ago